Juneလရဲ့ရာသီဥတုကပျင်းရိစရာကောင်းလောက်အောင် မှိုင်းညို့နေတယ် မကြာခင်သူ့သဘာဝအတိုင်းမိုးစက်မိုးပေါက်တွေကဒလဟောကျဆင်းလာတော့မယ်ထင်ပါရဲ့....
လူသူမရှိတဲ့ကြိုးတံတားပေါ်မှာရှောင်းကျန့်ရပ်နေမိခဲ့တာဘယ်လောက်တောင်ကြာခဲ့ပြီလဲမသိ၊ ရင်ထဲကမွန်းကြပ်မှုတွေများပျောက်မလားလို့လာခဲ့မိတာ၊ အခုရာသီဥတုအခြေအနေကပါ သူ့စိတ်ကိုပိုခံစားရအောင်လုပ်နေတယ်။
ဘယ်လောက်တောင်ဆိုးရွားလိုက်တဲ့ရာသီဥတုလဲ...!
တောက်!!
တောက်တချက်ခပ်ပြင်းပြင်းခေါက်လို့စိတ်ထဲကနေတစ်စုံတစ်ယောက်ကိုကျိန်ဆဲနေမိတယ်၊ သူ့ခံစားချက်ကိုမသိတဲ့တစ်စုံတစ်ယောက်ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတဲ့သူပေါ့...။
မကြာခင်မှာပဲကြိုးတံတားပေါ်ကမီးတိုင်တွေကလည်းပွင့်လာခဲ့တယ်။
*အော် မိုးတောင်ချုပ်သွားပြီပဲ..*
ရာသီဥတုကြောင့်မနက်နဲ့ညတောင်မှားချင်ချင်ဖြစ်နေတဲ့ကိုယ့်ကိုကိုယ်ရှောင်းကျန့်အပြစ်တင်လိုက်တယ်။
*ဟက်! ရှောင်းကျန့် မင်းကအရူးပဲ*
ဖြည်းညင်းစွာကျဆင်းလာတဲ့မိုးဖွားတွေကြားရှောင်းကျန့်အတော်ကြာအောင်ရပ်နေမိတယ်၊ ဆွေးနေတဲ့ကြိုးတံတားကြီးက ရှောင်းကျန့်ရပ်နေတာကြောင့်နဲ့တော့ကျိုးမကျလောက်ပါဘူးနော်။
လူတစ်ယောက်ကိုချစ်မိတဲ့အခါရူးတတ်ပါသလားတဲ့၊ အဲ့ဒီ့မေးခွန်းကိုအမေးခံရတုန်းကဘယ်လိုပြန်ဖြေရမယ်မှန်းတကယ်မသိခဲ့ဘူး။သူမှမချစ်ဖူးတာ သူကိုယ်တိုင်ကလည်းချစ်တတ်သွားလိမ့်မယ်လို့မထင်မိတာလည်းပါတယ်၊ ခုတော့ဒီမေးခွန်းအတွက်သူ့မှာအဖြေရှိလာခဲ့ပြီ ဟုတ်တယ် သူလူတစ်ယောက်ကိုချစ်မိသွားပြီ၊ သူ့အနားအမြဲရှိတဲ့သူ သူအားအကိုးရဆုံးလူ သူ့အပေါ်အကောင်းဆုံးလူ အခုသူအဲ့ဒီ့လူကိုချစ်လွန်းလို့ရူးတော့မယ်ထင်တယ်။ ဒါပေမယ့်...ဒါပေမယ့် အဲ့ဒီ့မေးခွန်းကိုမေးခဲ့တဲ့လူကတော့သူ့ကိုမချစ်ဘူး။
#အဲ့လူရဲ့နာမည်က ဝမ် ရိ ပေါ် ....#
★★★★★
ပေကျင်းမြို့ရဲ့နွေရာသီကအရမ်းမပူပေမယ့် ရှောင်းကျန့်တစ်ယောက်ကတော့ချွေးပြိုက်ပြိုက်ကျလို့နေတယ်၊ နောက်ကကောင်တွေမှီမလာအောင်လို့ကြိုးစားပြေးနေရတာမို့ ကျောင်းအင်္ကျီကလည်းချွေးတွေနဲ့ရွှဲလို့ရယ်။ ရှောင်းကျန့်ကရန်ပဲစတတ်တာ အထိုးအကြိတ်မရဘူး၊ စကားနဲ့ပြောဆိုလို့ကတော့သတ်သေချင်သွားအောင်ပြောတတ်ပေမယ့် လက်ပါလာရင်တော့အမြဲပြေးရတာချည်း။ အခုလဲကျောင်းကအာလူးမသားတွေကိုသွားစမိလို့ နွေရာသီမှာအပြေးလေ့ကျင့်နေရတာဖြစ်သည်။

YOU ARE READING
I will give you all four seasons of my life
RandomCanola ပန်းရဲ့အဓိပ္ပါယ်က ပျော်ရွှင်ခြင်း၊ ရွှင်လန်းတက်ကြွခြင်း၊ တောက်ပခြင်း