Part-1🧡

3.2K 152 17
                                    

လှပစွာ ခါးသက်သော🧡
        Part-1🧡

"ခင် တော်တော့ကွာ...မင်းအရမ်းများနေပြီ"

"မတော်ဘူးဟာ...ငါမှောက်တဲ့အထိသောက်မှာ..."

အနွန်...တားနေသော်လည်း ခင် တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေသည်။
"သူ ရက်စက်တယ်ဟာ...ငါအရမ်းချစ်တာ ငါသူ့ကိုအရမ်းချစ်ခဲ့တာ"

ခင်...အရက်ခွက်ကိုကိုင်ကာ အော်နေမိသည်။မျက်ဝန်းမှာလဲ မျက်ရည်ကြည်လေးတစ်ကြောင်း။

"ငါ နားလည်ပါတယ် ခင်ရာ...ဒါမယ့် မင်းအရမ်းများနေပြီ"

"များပါစေကွာ...ငါ့ရင်ထဲမှာ...အရမ်းပူနေပြီ အနွန်..."
အနွန်...ခင့်ကို ပြောမရ၍ ဒီအတိုင်းသာ ကြည့်နေရသည်။

"သစ္စာမရှိဘူးဟာ...တောက်စ်...သစ္စာမရှိတဲ့ မိန်းမ....ခလွမ်း..."

ခင်...သူ့လက်ထဲက အရက်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပေါက်ခွဲလိုက်သည်။

"ခင်...မင်းအရမ်းမူးနေပြီ ပြန်ရအောင်ကွာ..."

ခင်...မျက်နှာကို လက်နှင့်အုပ်၍ ခေါင်းလေးရမ်းကာ....

"ငါ့အချစ်တွေကို သူကစားတယ်။လုပ်ရက်လိုက်တာ...သူ အရမ်းလုပ်ရက်တယ်။"

ဟုဆိုကာ...သူမလက်က နွေးထွေး...ဆိုသော tattooလေးကို ငုံ့ကြည့်ကာ မျက်ရည်ကျနေမိသည်။

နွေးထွေး...
သူအရမ်းချစ်ရတဲ့ မိန်းကလေးရဲ့ နာမည်။

နာမည်ကြားရုံနှင့် သူ့ရင်တစ်ခုလုံး ပူပြီးခုန်လာသည်အထိ သူမကို ချစ်ခဲ့သည်။

အခုတော့ သူမရဲ့ မဂ်လာဆောင် ဖိတ်စာ လေးသာ ခင့် လက်ထဲရောက်လာခဲ့သည်။

ခင်...ဘယ်လို ဖြေသိပ်ရမှာလဲ။

ရိုးရိုးယဉ်ယဉ်လေးနဲ့ သူမက သူ့အသည်းကို ကစားသွားလိမ့်မယ်လို့ သူတကယ်မထင်ခဲ့ပါ။

တွဲခဲ့တဲ့ ၃နှစ်တာ အမှတ်တရတွေကို ဖိတ်စာလေးတစ်စောင်နဲ့ ချေဖျက်သွားခဲ့တဲ့သူမ။

မင်းအရမ်းတော်ပါတယ်...နွေးထွေး။
မင်း...အန်တီ့ကို နိုင်ပါတယ်။

            🧡🧡🧡🧡🧡🧡🧡

"ခွန်းရယ်...စိတ်မပူပါနဲ့။အခုဟာက ပိုက်ဆံလဲရ၊အနေအစားလဲ ငြိမ်းမယ့်အလုပ်ပဲလေ။"

လှပစွာ ခါးသက်သော🧡Where stories live. Discover now