လှပစွာ ခါးသက်သော🧡
Part-3" ဒီနေ့ လူကြီးမင်းတို့ကို အစည်းအဝေးခေါ်ရတဲ့ အကြောင်းအရင်းက...ဒီနေ့ကစပြီး...ဒီ company ရဲ့ MD ရာထူးကို...ခင် က တရားဝင် ခံယူပြီး...ဦးစီးသွားမယ်ဆိုတာကို ပြောချင်ပါတယ်....ဖေဖေ့ လက်ထက်ကတည်းက အောင်မြင်လာတဲ့ ဒီ company ကို...ခင်တို့ လက်ထက်မှာ..အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းပြီး...အကောင်းဆုံးဖြစ်အောင်..ပူးပေါင်းဆောင်ရွက်ကြဖို့အတွက်..ရှယ်ယာ ရှင်တွေကို ပြောချင်ပါတယ်..."
" ဖြောင်း ဖြောင်း ဖြောင်း... "
" ဦးလေးတို့ ဘက်ကလဲ...ခင့် အဖေလက်ထက်ကတည်းက အတူလက်တွဲပြီး...အလုပ်လုပ်လာကြတာမို့...အခုလဲ ဒီ company နဲ့ ဆက်ပြီးလက်တွဲဦးမှာပါ...ဦးလေးတို့အားလုံး ခင့်ကို ယုံကြည်ပါတယ်..."
" ကျေးဇူးပါ.. "
အစည်းအဝေးပြီးသွားတော့...ဒေါ်နှောင်ကြိုးခင်အစည်းအဝေးခန်းထဲက ထွက်လာကာ...အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး..
"ခွန်း... နာရီဝက်အတွင်း...တို့ဆီကို ထမင်းချိုင့်လာပို့..."
ခွန်း အိမ်သန့်ရှင်းရေး လုပ်နေရင်း ဖုန်းလာ၍ ကိုင်လိုက်တော့...
ဒေါ်နှောင်ကြိုးခင်၏ ပြတ်သားသည့် အမိန့်က သူမနားထဲဝင်လာသည်။
သက်ပြင်းချပြီး...
" မအေး ခွန်းကို ထမင်းချိုင့်ပြင်ပေးပါဦး.."
" ဘာလုပ်မလို့လဲ..ခွန်းရဲ့.."
" အန်တီ့ကို သွားပို့ရမှာ.."
" အော် မမကြီးကိုသွားပို့မှာလား..မအေး ပြင်ပေးမယ်နော်.."
ခွန်း ထမင်းစားပွဲလေးတွင် ဝင်ထိုင်ပြီး...သူမ တညလုံး စဥ်းစားနေသည့် အကြောင်းကို မအေးအားမေးလိုက်သည်။
" မအေး...ဟိုနေ့ညက ခွန်းကို လာပို့တဲ့ နွားနို့ထဲမှာ..ဘာတွေပါလဲ..."
ခွန်းစကားကို မအေးနားမလည်သောကြောင့်....
" ဘာကိုပြောတာလဲ ခွန်းရဲ့..."
" ဟိုလေ....နွားနို့ထဲမှာ...အိပ်ဆေးပါလားလို့ပါ...ခွန်း တခါမှ..အဲ့တုန်းကလို နှစ်နှစ်ခြိုက်ခြိုက်...မအိပ်ပျော်ဖူးဘူး...."
YOU ARE READING
လှပစွာ ခါးသက်သော🧡
Romanceခါးသက်သော တွေ့ဆုံမှုအောက်မှာ လှပစွာ အဆုံးသတ်ပါရစေ။ ခွန်းချိုခ🧡 အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင် အန်တီ ခွန်းကို ချစ်တယ်လို့ပြောခဲ့မှာပါ။ နှောင်ကြိုးခင်🧡 ခါးသကျသော တှဆေုံ့မှုအောကျမှာ လှပစှာ အ...