လှပစွာ ခါးသက်သော🧡
Part-10"အန်တီတို့ ဒီတိုင်း ဆက်ပြေးနေလို့ မဖြစ်ဘူး...ဒီတခါသူတို့နဲ့ တွေ့ရင် တို့ကို အလွတ်ပေးမှာ မဟုတ်တော့ဘူး..."
" ဒါဆို ခွန်းတို့ ဘာဆက်လုပ်ကြမလဲ...."
"အန်တီတို့ အရင် စီစဥ်ထားသလို....စမ်းချောင်း အတိုင်း သွားရင် အန်တီတို့ လမ်းမပျောက်နိုင်ဘူး...ဒီတိုင်းသာ ဆက်သွားနေရင် အန်တီတို့...တောထဲမှာမျက်စိလည်ပြီး တော်တော်နဲ့ကားလမ်းမပေါ်ကို ပြန်ထွက်နိုင်မှာ မဟုတ်ဘူး"
"အဲ့တော့...."
" အဲ့တော့ စမ်းချောင်း စီးဆင်းရာ အတိုင်း သွားမယ်..."
" သူတို့နဲ့ တွေ့ရင် ဘယ်လို လုပ်မလဲ..."
" သူတို့နဲ့ မတွေ့အောင် သွားတဲ့နည်းနဲ့ သွားရမှာပေါ့...အန်တီရဲ့"
" ဘာနည်းလဲ..."
ခွန်း ဘာမှပြန်မပြောပဲ အဓိပ္ပါယ်ပါပါပြုံးကာ....အန်တီ့လက်လေးကို ဆွဲ၍ ခေါ်လာသည်။
ခွန်း သူမကိုဆွဲခေါ်လာတဲ့...နေရာက ရေစီးသန်နေသော ရေတံခွန် တစ်ခုဆီ...
" ဟင် ရေတံခွန် ..."
" ဟုတ်တယ် သူတို့က ကုန်းပေါ်မှာ... ခွန်းတို့နှစ်ယောက်ကို အသေအချာ လိုက်ရှာမှာဆိုတော့.... ခွန်းတို့က ရေအောက်ထဲက သွားမယ်....ဒီရေစီးအတိုင်း မျှောပါသွားရင် ရွာတစ်ရွာကို ရောက်မှာ သေချာတယ်...အဲ့ကျမှ အကူအညီတောင်းပြီး....မြို့ကိုပြန်ရမယ်လေ..."
"အန်တီကမှ ရေမကူးတတ်တာ..."
"ခွန်း တစ်ယောက်လုံးရှိနေတာပဲ
အန်တီမကြောက်ပါနဲ့..."" ဟင့်အင်တခြားနည်း စဥ်းစားပါဦးလား...."
" ကောင်းပြီလေ...အန်တီမျက်စိမှိတ်လိုက်..."
" ဟမ်.."
" မျက်စိမှိတ်လိုက်..."
"အင်း အင်း..."
ဒေါ်နှောင်ကြိုးခင် ခွန်း ပြောသည့်အတိုင်း မျက်စိမှိတ်လိုက်သည်။
မျက်စိမှိတ်ထားသော သူမလက်လေးကို စုပ်ကိုင်ကာ...
သူမနားသို့ ကပ်၍ လေသံတိုးတိုးနှင့်...
YOU ARE READING
လှပစွာ ခါးသက်သော🧡
Romanceခါးသက်သော တွေ့ဆုံမှုအောက်မှာ လှပစွာ အဆုံးသတ်ပါရစေ။ ခွန်းချိုခ🧡 အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင် အန်တီ ခွန်းကို ချစ်တယ်လို့ပြောခဲ့မှာပါ။ နှောင်ကြိုးခင်🧡 ခါးသကျသော တှဆေုံ့မှုအောကျမှာ လှပစှာ အ...