Part-11(U+Z)

1.1K 120 16
                                    

လှပစွာ ခါးသက်သော🧡
Part-11

ဦးညဏ္ဏ ကားကို company ရှေ့တွင် ရပ်လိုက်ပြီး...company ထဲသို့ ဝင်လာခဲ့သည်။

ခင်၏ ရုံးခန်းဆီသို့ လာခဲ့တော့....

ခင့် ရုံးခန်းရှေ့တွင် ဦးရန်ရှင်း ၏အတွင်းရေးမှူး မလေးကို တွေ့ရသည်။

သူ ရုံးခန်းထဲဝင်ဖို့လုပ်တော့...

"ဦးညဏ္ဏ ဒီတိုင်းဝင်လို့မရပါဘူး....MD ခွင့်ပြုချက်ရမှ ဝင်လို့ရမှာပါ...ဦးညဏ္ဏ ရောက်နေတာကို ကျွန်မ MD ကို အကြောင်းကြားပေးပါ့မယ်..."

" ဘာ...MD ဟုတ်လား...ဘယ်သူက MD လဲ..."

" မင်းကို တွေ့ချင်နေတာနဲ့ အတော်ပဲ ညဏ္ဏ...သြော် သီရိ ခနနေ အစည်းအဝေးအတွက် ပြင်ဆင်စရာရှိတာတွေ သွားပြင်ဆင်လိုက်..."

ဦးရန်ရှင်း အတွင်းရေးမှူးမလေးကို ပြောလိုက်တော့...

" ဟုတ်ကဲ့ပါ MD.."
ဟုဆိုကာ ဖိုင်တွဲများယူ၍ ထွက်သွားလေသည်။

ဦးညဏ္ဏ ဦးရန်ရှင်းကို ခနဲ့စွာ ကြည့်ပြီး...

" သြော် MD ဆိုတာ ခင်ဗျားကို...အဟား...မဆန်းပါဘူး...ခွေးဆိုတာ ပုလ္လင်လုတတ်ကြတာပဲလေ...နောက်ဆုံးတော့လဲ...ခွေးဟာ..ခွေးနေရာမှာပဲ ပြန်နေရမှာပဲ...."

" အေးဟုတ်တယ်..ခွေးက ခွေးနေရာမှာပဲ နေရမှာ...အဲ့တော့ မင်း company ကိုလာစရာမလိုတော့ဘူး....ငါမင်းကို အလုပ်ထုတ်လိုက်ပြီ..."

" ဘာ...ခင်ဗျား ဒီလို လုပ်ချင်တိုင်းလုပ်လို့မရဘူး"

" သြော်..ငါက အခုချိန်မှာ ဒီ company ရဲ့ MD မင်းက အတွင်းရေးမှူး ငါမင်းကို ကြိုက်တဲ့ အချိန် အလုပ်ထုတ်လို့ရတယ်...ပေါက်လား..."

" ခင်ဗျား ကျုပ်ကို အလုပ်ထုတ်ရင် ခင်ဗျား..ရွေ့ထားတဲ့ အကွက်တွေအကုန်လုံး ကျုပ်ဖော်ပြစ်မယ်..."

" အဟား...ငါ့အကွက်တွေကို မဖော်ခင်...မင်းရွေ့ထားတဲ့...ခင် ပျောက်နေတဲ့ အကွက်ကို ငါဖော်လိုက်ရင်...မင်းဂါးသွားမယ်...နားလည်လား.. ဟားဟား.."

ဦးညဏ္ဏ ဦးရန်ရှင်း ကိုကြည့်ကာ ဒေါသများစွာနှင့်....

" ခင်ဗျား မိုးကောင်းတုန်းရွာထားပေါ့....ကျုပ်အလှည့်ရောက်မှ နေဆယ်ဆင်း ပူပြမယ်...ခံနိုင်ရည်ရှိအောင် ပြင်ထား.."

လှပစွာ ခါးသက်သော🧡Where stories live. Discover now