Part-12(U+Z)

1.1K 124 10
                                    

လှပစွာ ခါးသက်သော🧡
Part-12

ဒေါ်နှောင်ကြိုးခင် အိမ်ထဲသို့ ဝင်လိုက်တော့.......

" ညီမလေး ပြန်လာပြီလား...ခင် ဘာမှ မဖြစ်ဘူးနော်...ကိုကို စိတ်ပူနေတာ..."
ဟုဆိုကာ...ဦးရန်ရှင်း သူမကို ဖက်လိုက်သည်။

ပြီးမှ....

" လာ ထိုင်ဦး ကိုကို ညီမလေးနဲ့ ဆွေးနွေးစရာ ရှိတယ်..."

ဦးရန်ရှင်း ဒေါ်နှောင်ကြိုးခင်ကို ဧည့်ခန်း စားပွဲသို့ ခေါ်လာကာ....

" ရော့ ညီမလေး ဒီစာချုပ်မှာ လက်မှတ်ထိုးပေး.."

ဒေါ်နှောင်ကြိုးခင် သူမ အကို ကို တစ်ချက်ကြည့်ကာ...စာချုပ်ကို ယူကြည့်တော့.....

" ကိုကို ဒီစာချုပ်က...."

" အဟင်း...ညီမလေးလဲ ကျန်းမာရေးမှ မကောင်းတာ...အဲ့တော့ company ကို ကိုကိုပဲ ဦးစီး လိုက်မယ်..."

ဒေါ်နှောင်ကြိုးခင် သူမရှေ့တွင် ချထားသော...ကော်ဖီခွက်ကို ကြည့်ကာ...

" ကိုကို...ကိုကို့ ကို ညီမလေးယုံကြည်ခဲ့တာတွေ မပျက်ချင်ဘူးနော်...ကိုကို ညီမလေးကို တိုက်နေတဲ့ ကော်ဖီတွေထဲမှာ ဘာတွေထည့်ထားလဲ..."

ထိုအခါ ဦးရန်ရှင်းက ပုခုံးတွန့်ကာ....

" ညီမလေး ဘယ်လိုထင်လို့လဲ....ညီမလေးကကော ကိုကို့အပေါ်မှာ ဘယ်လောက်တောင် ယုံကြည်ထားတာလဲ..."

" ကိုကို့လုပ်ရပ်တွေ...ညီမလေးကို လာပြောတာတောင် ညီမလေး မျက်စိမှိတ်ပြီး ငြင်းခဲ့တာ...ကိုကို့ကို ညီမလေး အရမ်းယုံကြည်လို့...ညီမလေးဘဝမှာ ကိုကို တ​စ်ယောက်ပဲ ရှိတော့တာမို့လို့..."

" sorry ခင်... လူတစ်ယောက်ကို အဲ့လောက်မယုံကြည်သင့်ဘူး....အမှန်တကယ်ဆို ကိုကို နဲ့ ခင်က သူစိမ်းတွေပဲလေ..."

သူမ အကိုကို အံသြ စွာကြည့်ကာ....

" ဒါဆို...ခင့်ကိုတိုက်တဲ့ ကော်ဖီထဲကို မူးယစ်ဆေးတွေထည့်ပြီး...ခင့်ကို အလုပ်တွေ မလုပ်နိုင်အောင် လုပ်တာပေါ့...ဟင်...ကိုကို..."

" မဆိုးဘူး ခင် တော်လာပြီ....အသားမနာချင်ရင်တော့ ဒီစာချုပ်လေးမှာ လက်မှတ်ထိုးလိုက်..သြော်... လက်မှတ်မထိုးချင်လဲ ကိစ္စမရှိဘူးနော်....ခင် သေသွားတာနဲ့ ကိုကိုက ဒီ company ကို ရပြီးသားပဲ...အဲ့တော့..."

လှပစွာ ခါးသက်သော🧡Where stories live. Discover now