လှပစွာ ခါးသက်သော 🧡
Part-13ဒေါ်နှောင်ကြိုးခင် နိုးလာခဲ့တော့...သူမက ကုတင်လေးပေါ်ရောက်နေသည်။
မနေ့က ခွန်း သူမဒါဏ်ရာကို ဆေးထည့်ပေးတာ...အဲ့နောက်ပိုင်း ဘာတွေဖြစ်ခဲ့တာလဲ...
ဒေါ်နှောင်ကြိုးခင် ကုတင်ပေါ်က ဆင်းလာပြီး....အောက်ထပ်သို့ဆင်းခဲ့တော့.....
"အန်တီ..."
ဟုဆိုကာ...သူမဆီသို့ ပြေးလာသော နွေးထွေး...
နွေးထွေး သူမကို ဖက်လိုက်ကာ....
"အန်တီ...အန်တီဘာမှမဖြစ်ဘူးမို့လား...အန်တီ့အကိုက အကြံသမား...အန်တီ့နေရာကို သူကလိုချင်နေတာ..."
"အန်တီ သိပြီးပါပြီ...နွေး ဘယ်လိုလုပ်ပြီး.."
"အန်တီခင်.."
"ဟယ် သား... ညီလင်း..."
"အန်တီခင့် အကိုရဲ့ လုပ်ရပ်တွေကို အန်တီခင်သိဖို့လိုပြီ..."
" အန်တီ အားလုံး သိပြီးပါပြီ သားရယ်..."
"အန်တီခင် မသိတာတွေ ရှိသေးတယ်....ကြီးကြီးကို သတ်တာလဲ ဦးရန်ရှင်းပဲ..ပြီးတော့ နွေးထွေးက..အန်တီခင့်ကို ပြစ်ပြီး...အခြားတစ်ယောက်နဲ့ လက်ထပ်တယ် ဆိုတာတကယ်မဟုတ်ဘူး....အဲ့ဒါ ဦးရန်ရှင်းရဲ့ လှည့်ကွက်...နွေးထွေးကို သူက ဖမ်းထားတာ...အန်တီခင် အသည်းကွဲပြီး...company အလုပ်တွေ မလုပ်နိုင်အောင်လို့လေ...."
" ဘာ..."
" ဟုတ်တယ် နွေးကို ဦးရန်ရှင်းဖမ်းထားပြီး...အန်တီ့ဆီလဲ အန်တီခံစားရအောင် ဆိုပြီး..ဖုန်းတွေဆက်ခိုင်းတယ်..အန်တီ... နွေးကို အထင်လွဲပြီး မမုန်းပါနဲ့နော်....."
ညီလင်းနှင့်နွေးထွေး စကားများကြောင့် ဒေါ်နှောင်ကြိုးခင် အံသြ နေမိသည်။
သူမ တချိန်လုံး စိတ်သောကတွေရောက်အောင် မျက်ရည်တွေကျအောင် လုပ်နေတယ့်သူက...သူမအရမ်းယုံကြည်ရတဲ့ သူမအကိုတဲ့။
ဒေါ်နှောင်ကြိုးခင် ခွန်း စကားလေးကို ပြန်ကြားယောင်မိသည်။
" အန်တီ မမကို ချစ်သေးလားဟင်..."
" အင်း.."
YOU ARE READING
လှပစွာ ခါးသက်သော🧡
Romanceခါးသက်သော တွေ့ဆုံမှုအောက်မှာ လှပစွာ အဆုံးသတ်ပါရစေ။ ခွန်းချိုခ🧡 အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင် အန်တီ ခွန်းကို ချစ်တယ်လို့ပြောခဲ့မှာပါ။ နှောင်ကြိုးခင်🧡 ခါးသကျသော တှဆေုံ့မှုအောကျမှာ လှပစှာ အ...