Unicode
................ယနေ့ ကျောင်းပြန်ဖွင့်ရက်။ ပြီးတော့ ဦးရိပ်နဲ့ လူပြန်လဲမည့်ရက်ပင်။ ရိပ်ရိပ် သူ့ရဲ့အယ်လ်ဖာ ဖေဖေကြီးကို အပီအပြင်ကိုနှုတ်ဆက်နေကာ Fly kissတွေပါ ပစ်ပေးနေလေသည်။
''တာ့တာနော်...ဖေဖေကြီး... သားသားမရှိတုန်း ဟိုဦးဦးနားအရမ်းမကပ်နဲ့နော်။ ''
''ဟမ်... ဘယ်ဦးဦးလဲ သားရဲ့''
''ဟာ... ဟိုးနေ့က ကစားကွင်း လိုက်ပို့တဲ့ဦးဦးပေါ့။ သားသားသူ့ကိုမကြိုက်ဘူး။ သူကလူဆိုးကြီးနဲ့တူတယ်''
''အမ်.... သားကလည်း အဲ့လိုမပြောရဘူးလေ။ သူကသားငယ်ကို ငယ်ငယ်လေးထဲက ထိန်းလာပေးတာ။ သားပဲသူ့ကို 'မေမေ'ဆိုပြီးခေါ်သေးတယ်လေ။ သားက သူ့ကို မေမေတော်ချင်တာမဟုတ်ဘူးလား''
''အဲ့ဒါ အရင်တုန်းကလေ...ခုမဟုတ်ပါဘူးဆို။ သားမေမေက သူမှမဟုတ်တာ။ မသိဘူးနော်.. ဖေဖေကြီး သူ့နားအရမ်းမကပ်ရဘူး ဒါပဲ။ သွားပြီနော် ဖေကြီး...မွ''
ဟုပြောကာ ကားပေါ်မှပြေးဆင်းသွားလေသည်။
မင်းစစ်ကတော့ အပြောင်းအလဲမြန်သော သားဖြစ်သူကြောင့် အံ့သြနေရသလို တစ်ချိန်တည်းမှာပင် သူလရောင်ချိုကို လက်ခံလိုက်တော့မည်ဟု အသိပေးထားတဲ့ အစီအစဥ်မှာလည်း ရှေ့တိုးရနိုးနိုး၊ နောက်ဆုတ်ရနိုးနိုးပင် ဖြစ်နေလေပြီ။
သို့သော် သူ့ဘက်ကလက်ခံပြီးသားမို့ ခုချိန်မှပြန်ပြင်ရင်တောင် အိမ်တော်နှစ်ခုက ရန်သူသဖွယ် ဂယက်ပင်ထနိုင်လေသလား။
မင်းစစ်ကလေးကျောင်းပို့ပြီး ကုမ္ပဏီ သို့ထွက်လာလိုက်လေသည်။ မင်းစစ်Mနိုင်ငံသို့ပြန်လာပြီးနောက်ပိုင်း မာန်လုပ်ငန်းစုအပြင် သူ့ကိုယ်ပိုင် MoonLight ကုမ္ပဏီကိုလည်း အသစ်ဖွဲ့စည်းခဲ့လေသည်။
ထိုကုမ္ပဏီက ဖွင့်ထားတာ မကြာသေးပေမဲ့ လအနည်းငယ်အတွင်းမှာ တဟုန်ထိုးတိုးတက်လာခဲ့ပြီး စီးပွားရေးမှာနေရာကောင်းတစ်ခုကို ရရှိခဲ့လေသည်။ ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းတွေပါမက တခြားသောproject ပေါင်းများစွာလက်ခံပေးတဲ့ လုပ်ငန်းဖြစ်ပြီး တစ်လဝင်ငွေ ဒေါ်လာအများကြီးရသည့် အလုပ်ပင်။
ESTÁS LEYENDO
နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် Completed
RomanceUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fourth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...