အပိုင်း ၂၈၀။
သူက သခင်မလေးကို တွေ့ချင်တယ်လို့ ပြောနေတယ်
ထိုစကားများက အန်တီတင်း စောင့်ဆိုင်းနေသည့် စကားများဖြစ်သည်။ သူမက အင်္ကျီလက်ကို လိပ်တင်ပြီး ရှင်းဟယ်ကို ရိုက်ချက်အချို့ချရန် အသင့်ပြင်လိုက်၏။ ရှင်းဟယ်က သူ့လက်ထဲရှိ တံမြတ်စည်းကို သုံးပြီး အန်တီတင်း၏ လက်မောင်းကို ပြင်းထန်စွာ ရိုက်လိုက်တော့သည်။
အန်တီတင်းက ရုတ်တရက် အရိုက်ခံရလိမ့်မည်ဟု ထင်မထားပေ။ သူမက အော်ဟစ်နေပြီး နာကျင်မှုကြောင့် မျက်နှာက ရှုံ့တွနေတော့သည်။ ယခုအခေါက်တွင် ရှင်းဟယ်၏ ရိုက်ချက်က ယခင်ကထက်တောင် ပိုပြင်းနေသေးသည်။ အန်တီတင်းက သူ၏ နာကျင်မှုကြောင့် ပူထူနေတာကို ခံစားမိသည်။
“ရှမုန့် နင်အဲဒီမှာ ရပ်နေပြီး နင့်ရဲ့ အပြစ်ကို လက်ခံသင့်တယ်။ ရာရာစစ ပြန်တိုက်ခိုက်ရဲတယ်ပေါ့”
မစ္စယဲ့သည် ရှင်းဟယ်ကို တစ်ကိုယ်လုံး ဝါးမျိုရန် အသင့်ဖြစ်နေသည့်ပုံ ပေါ်နေသည်။
ရှင်းဟယ်၏ အကြည့်က ရေခဲတမျှ အေးစက်နေပေသည်။
“ကျွန်မက ဘာကြောင့် ရပ်သင့်တာလဲ။ ယဲ့ချင်းက အကြီးကို မလေးမစားပြုခဲ့တယ်။ သူက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ အန်တီတင်းက ဒီအိမ်က သခင်မကို စော်ကားခဲ့တာ။ သူ့ကို တစ်ချက်ပဲရိုက်တာ သူကံကောင်းတယ်လို့ တွေးသင့်တယ်”
“နင်”
မစ္စယဲ့တို့ အဖွဲ့က ဒေါသကြောင့် ဆွံ့အသွား၏။ ရှမုန့် ထိုမျှ ရန်လိုလာလိမ့်မည်ဟု သူတို့ မထင်ခဲ့ပေ။ သူမက သူတို့ အရိုက်ခံရသင့်သည်ဟုတောင် ပြောရဲသေးသည်။ သူမ အသက်ရှင်ရတာ ငြီးငွေ့နေရတာပဲ ဖြစ်ပေမည်။
“သူအသက်ရှင်ရတာ ငြီးငွေ့နေတာပဲ ဖြစ်ရမယ်။ ငါတို့ကိုတောင် ရာရာစစ ဆန့်ကျင်ရဲတယ်ပေါ့”
“နင်လည်း အကြီးတွေကို မလေးစားတာပဲ။ ဒီတော့ နင်လည်း အပြစ်ပေးခံရဖို့ ထိုက်တန်တယ်”
မစ္စယဲ့က ရှေ့တိုးလာပြီး ရှင်းဟယ်ဆီမှ တံမြတ်စည်းကို ဆွဲယူရန် ကြိုးစားလိုက်၏။ သို့သော် ရှင်းဟယ်က တံမြတ်စည်းအစွန်းကို သူမ မျက်နှာနား တွန်းထုတ်လိုက်ရာ မစ္စယဲ့သည် ကြောက်အားလန့်အားဖြင့် ရှေ့သို့ တစ်လှမ်းတိုးလာမိ၏။
ВЫ ЧИТАЕТЕ
ဝေးလွင့်ပြီးသော အတိတ် (၂)
Любовные романыကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
