Part 1
လူတိုင်းမှာ နှလုံးသားတခုစီ ရှိကြတယ်။ ဒါပေမဲ့ ရှောင်းကျန့်ဆီမှာ ရှိတဲ့ နှလုံးသားကိုတော့ ဖောက်ထုတ်ပစ်လိုက်ချင်သည်။ နှလုံးသားမရှိရင် အသက်ဆက်မရှင်နိုင်ဘူး ဆိုတာသိပေမဲ့ ကျွန်တော် ဆက်ပြီး မခံစားနိုင်တော့လို့ပါ။ ဒီလို ဆောင်းလေအေးတဲ့ ညအခါမျိုးဆို ပိုလို့တောင် ဆိုးေသးသည်။ ခုတင်တွေးရင် နှလုံးသားထဲ တဆစ်ဆစ်နာလှ၏။ တသက်မှာ တယောက်သာ ချစ်တယ်ဆိုတာ ကိုယ်တွေမို့ ကျွန်တော် လုံးဝယုံကြည်ခဲ့ပြီ။ ယနေ့ထက်တိုင် သူ့ရဲ့ ပုံရိပ်တွေ၊ သူ့ရဲ့စကားသံတွေ၊ သူ့ရဲ့အနံ့အသက်လေးတွေ၊ သူ့ရဲ့အထိအတွေ့တွေက ကျွန်ေတာ်ကိုယ်ခန္တာနဲ့ နှလုံးသားကို လှည့်ပတ်လှောင်မြိုက်လို့ ကောင်းနေတုန်း။ ပူလောင်လွန်းလှတယ် ပြောမလား၊ သေချင်လောက်အောင် ဘဝကို စိတ်ကုန်စေတာလား ဆိုတာသေချာမသိ။ကျွန်ေတာ်ဘဝမှာ သတိရစရာ ညအချိန်တွေက များသမို့ ခုလိုညချမ်းမတော့ ကျွန်ေတာ်နှလုံးသားကို ဦးနှောက်နဲ့ ထိန်းချုပ်ဖို့ရာ မတက်နိုင်တော့ပြီထင်။ အတွေးတွေ လွန်နေတာနှင့် နံနက်အစာခံစာအတွက် ဆိုင်ကမှာထားတဲ့ ဟင်း ပြန်နွှေနေတုန်း အဆူလွန်းနေတာတောင် မမြင်တော့ပေ အိုးဖုံးကို လတ်နှီးမပါပဲ မေ့လျော့ခါ လှမ်းဖယ်လိုက်၏။
တချိန်က ဒီနေရာ ဒီအချိန်လေးမှာပဲ ခုလိုအပူလောင်ခဲ့တုန်းက နွေးထွေးလှတဲ့ သူ့လက်တစုံက ချက်ချင်းရောက်လာပြီး အေးလှတဲ့ သူ့နားရွက်ကို ကပ်ခါ အပူသက်သာအောင် ပြုလုပ်ပေးခဲ့ဖူးသည်။ ဟုတ်ပါတယ် ဒီမီးဖိုချောင်လေးမှာ သူနှင့် ကျွန်ေတာ်ခိုးချိန်းခဲ့တယ်။ ခိုးချိန်းတယ် ဆိုတာထက် သူ အတင့်ရဲစွာ ခိုးဝင်ခြင်းဖြစ်သည်က ပိုမှန်၏။ မနက် ၉ နာရီလောက် ရုံသွားဖို့ ညထဲက ချက်နေတဲ့ အချိန်ပေါ့။ ကျွန်ေတာ်မှတ်မိပါသေးတယ်။ ကျွန်ေတာ်တို့ ချစ်သူသက်တမ်း သုံးလတွင်ပေါ့။ ချစ်သူတွေဆိုပေမဲ့ သူများတွေလို ချစ်လား အဖြေတောင်း ချစ်တယ် အဖြေပေး ချစ်သူမျိုးမဟုတ်။ တယောက်နဲ့ တယောက် နှလုံးသားခြင်း နီးခါ နားလည်မှုကြီးစွာ ချစ်ကြခြင်းသာ ဖြစ်သည်။ အဲ့ဒိနေ့ညက ပါးပါးနဲ့မားမားကလဲ သက်ကြီးပိုင်မို့ နေမကောင်းတာမလို့ ဆေးသောက်ကာ ပင်ပန်းကြီးစွာ အိပ်မောကျနေကြတဲ့ အချိန်ပေါ့။