part 30

131 4 9
                                    

ခင်ဗျားကြီးကို...မချစ်ဘူး
part 30

ငိုယိုကာအတင်းရုန်းဖယ်ပြီးမားကိုခေါ်တော့ မားကကုတင်ပေါ်တက်လာကာဖက်ထားပေးသည်မို့မားရင်ခွင်ထဲဝင်ကာပိုလို့ငိုမိသည်။


"မား......အဟင့်အဟင့်.....သားမှာမရှိဘူးမလား.....မဟုတ်ဘူးမလားဟင်......."

"မားတို့သေချာအောင်စစ်ဆေးမှာပေါ့...နော်...."

"မဟုတ်လောက်ပါဘူး......အဟင့်အဟင့်...."

ထိုင်လျက်လေးအတင်းဖက်တွယ်ထားရင်းမေးတော့မားကဘာမှပြန်မပြောဘဲကျောလေးကိုသာပြန်ဖက်ထားပေးသည်။ယောကျာ်းလေးကကိုယ်ဝန်ရှိတာတဲ့လား....မဖြစ်နိုင်ပါဘူး....အားလုံးဝိုင်းလိမ်နေကြတာပါ.....။မားရင်ခွင်ထဲကနေပါးနဲ့ဖွားဖွားထက်ထင်တို့ကိုခေါင်းးလေးစောင်းကာကြည့်မိတော့အားကိုးတကြီးမေးချင်စိတ်ကဖြစ်လာရသည်။

"ပါး.....ဖွား.....မဟုတ်ဘူးလို့ပြောပါ.......ဟီးအဟင့်အဟင့်......."

"သားကလည်း....စိတ်အေးအေးထားလေကွာ......."


"kitလေး.......p newပြောတာနားထောင်......ဘာမှမဖြစ်ပါဘူး.....kitလေးကထူးထူးခြားခြားသားအိမ်ပါနေလို့လေ.....ဘာမှကြောက်စရာမရှိဘူး....နော်......."

"ဟုတ်ပါတယ်မြေးလေးရယ်.....ဖွားတို့သားsingတို့ကမြေးကိုဂရုစိုက်မှာပေါ့...မငိုပါနဲ့နော်....."

အားလုံးကဝိုင်းပြီးဖျောင်းဖျနေကြပေမဲ့kitမှာမရှိပါဘူးလို့တော့ဘယ်သူမှမပြောကြ...။လက်ခံစေချင်နေသည့်ပုံပင်....။

"ဟင့်အင်း......မား......ဖွား......သားတို့အိမ်ပြန်ရအောင်...သားဒီမှာမနေချင်တော့ဘူး......"

"kit.........."

မားကိုကြည့်ပြီးပြန်ဖို့ပြောတော့ကုတင်ခြေရင်းမှာရပ်နေသည့်p singကအနားလုပ်ဖို့လုပ်နေသည်မို့ခါးခါးသီးသီးမောင်းထုတ်မိပြန်သည်။ခင်ဗျားကြီးကလည်းလက်ခံခိုင်းမှာပဲမှတ်လား....။

"မလာနဲ့.........မားသားတို့ပြန်မယ်နော်......သားမှာမရှိဘူး.......။သူတို့ကဝိုင်းလိမ်နေကြတာ......သားသိတယ်....ပြန်မယ်​နော်......နော်မား....."

ခင်ဗျားကြီးကို...မချစ်ဘူး(u..z)Tempat cerita menjadi hidup. Temukan sekarang