ပျော်ရွှင်ခဲ့ကြသောနေ့ရက်များဟာ တစတစပျောက်ကွယ်လာခြင်း။
နာကြည်းမှု မုန်းတီးမှုတွေသာ ရှိနေတော့မဲ့နေ့ရက်များ။
ဒီနေ့လိုပေါ့ သိပ်ကိုမုန်းဖို့ကောင်းလွန်းနေတဲ့မျက်နှာတွေ...မတွေ့ချင်တော့ပါဘူးတသက်လုံး...
ဟင့်အင်း...အရင်တည်းကမတွေ့ချင်ခဲ့တာ...။....
ဒီနေ့ဟာမိုးတွေတဖွဲဖွဲရွာကျသောနေ့
တနည်းအားဖြင့် တစုံတယောက်၏ ဘဝကူးပြောင်းသောနေ့။
လူများစွာလာနေကြပါသည်
သို့သော် တစက်တလေမျှ မလှုပ်ယှက်နိုင်ခဲ့လေသော
ယောက်ကျားသားသုံးယောက်...ငိုယိုနေခဲ့ကြသော လူများ
ငိုယိုနေသူတွေကို အားပေးနေကြသောလူများ
လာရောက် ပြီးနှစ်သိမ့်ပေးကြသူများ
ထိုနေ့သည် အလွန်ကိုစိတ်ညစ်ဖို့ကောင်းဆုံးသောနေ့။မနေချင်တော့သောနေရာ
မကြုံချင်ရဆုံးနေရာ
မဖြစ်ပါစေနဲ့အထပ်ထပ်ဆုတောင်းသံတွေကို မိုးနတ်မင်းမကြားခဲ့လို့ ဒီနေရာကိုရောက်လာခဲ့ပြီ။မတွေ့ချင်သောသူမှာ မျက်စိရှေ့တင်မြင်နေရတွေ့နေရဆဲ...
ထိုလူကိုမြင်တိုင်း ရင်ဘတ်ထဲကဒဏ်ရာတွေဟာ တရစ်ရစ်နဲ့နာကျင်ပြီးနာကျင်ဆဲ...
မျက်နှာကိုလည်းမမြင်ချင်တော့သလို အသံကိုပင်မကြားချင်ခဲ့သော ထိုလူသားကိုတော့ လူတိုင်းကချစ်ခင်ကြသည်...ချစ်မှာပေါ့ အကြောင်းတွေမှမသိတာ....။
"Jeon Jungkook....
မင်း Seyeon ကိုသွားနှုတ်ဆက်လိုက်အုန်းလေ..."ပြောစကားများကိုမကြားသည်လား မကြားချင်ယောင်ဆောင်နေသည်လား Tae မပြောတတ်ခဲ့ပေ...
ကြမ်းပြင်ကိုသာ တစိုက်မက်မက်စိုက်ကြည့်နေခဲ့ပြီး မျက်ရည်တွေတစ်စက်ပြီးတစ်စက် ကျဆင်းနေတဲ့အဲ့ဒီ့လူမှာ ဘယ်လောက်နာကျင်နေလဲ ဘေးကလူတောင်ခံစားမိပါတယ်..။"Jungkook..."
ကိုယ်ကိုလှုပ်ခါခေါ်မှ ကြားသောထိုကောင်လေးသည် အတွေးများစွာရှိနေမည်ထင်ပါတယ်...
"မင်း seyeon ကိုသွားနှုတ်ဆက်လိုက်အုန်းလေ သူ့နောက်ဆုံးခရီးမလား...မင်းဒီလိုပဲနေလို့မရဘူးလေ"
YOU ARE READING
ချစ်ခဲ့ဖူးသောအရိပ်ကလေး..🍁(One short)
Fanfictionကောင်းသောတွေ့ဆုံခြင်းနဲ့ပြန်တွေ့ကြရအောင်...။ 24/04/2023