Ep-25

1.1K 77 0
                                    

အပိုင်း(၂၅)

သုတတစ်ယောက် စိတ်ညစ်ညစ်နဲ့ ကားမောင်းကာတစ်ယောက်ထဲထွက်လာပြီး ပုဂံမြို့ရဲ့ ညနေဆည်းဆာအလှကို လှည့်လည်ဓာတ်ပုံရိုက်နေလိုက်သည် 
ထိုစဉ်  သူ့ရှေ့က ကားတစ်စီးဖြတ်သွားတာကိုအမှတ်တမဲ့ကြည့်လိုက်မိပြီး ထိုကားပေါ်မှ ဆင်းလာသူကတော့ 
"ဟင် ရင်ခွင်ရိပ်..သူကဘလိုဖြစ်ပြီးဒီရောက်နေတာလဲ"
သူ့အနားကိုလျှောက်လာပြီး မျက်မှန်လေးချွတ်ကာ
"ရှင်ကျမကိုမှတ်မိတယ်မလား"
"အင်း...မင်း ..မင်းက ဘလိုဖြစ်ပြီး ဒီရောက်လာရတာလဲ ညှို့ဆီလာတာလား"
"မဟုတ်ဘူး ရှင့်ဆီတမင်လာတာ"
"ဘာကိစ္စလဲ"ကင်မရာလေးကို လည်ပင်းတွင်ချိတ်လျက် ဆက်ကာပြောလိုက်သည်
"မန္တလေးမှာပြောလည်းရနေတာကို ပုဂံထိတောင်လိုက်လာတယ်ဆိုတော့ကာ တော်တော့ကိုအရေးကြီးပုံရတယ်"
ရင်ခွင်ရိပ်လက်ကလေးပိုက်လျက်ပဲ
"ဟုတ်တယ် အရေးကြီးတယ် မန္တလေးမှာတည်းကရှင့်ကိုကျမလိုက်ဖမ်းလို့မမိဘူး"
"အခုမိပြီပေါ့"
"အပိုတေပြောမနေပါနဲ့တော့ အခုလာရင်းကိစ္စကိုပဲပြောမယ်"
"ဟုတ်ပြီ ပြောပါဗျ"
"ရှင် ညှို့နဲ့ လက်ထပ်ဖို့ကိစ္စကိုဖျက်သိမ်းပေးပါ"
"ဘာလို့တုန်း"
"ညှို့ကကျမနဲ့.."
"အော် ရည်းစားဟောင်းပဲ ကိုယ်သိပါတယ်.."ရင်ခွင်ရိပ်စကားမဆုံးခင်ပဲ သုတကဦးအောင်ပြောလိုက်သည်
ရင်ခွင်ရိပ်လည်း အံ့ဩသွားကာ
"ရှင်သိနေတယ်‌လား"
"အော် ကိုယ်လက်ထပ်မဲ့မိန်းကလေးကဘလိုလူမျိုးလဲ ကိုယ်သိတာပေါ့.....အမလေးလေး...စွဲညှို့ကိုအဲ့လောက်ထိ ဆွဲဆောင်မှုရှိလိမ့်မယ်လို့မထင်ထားဘူး...တမ်းတမ်းစွဲတေကြီးပါပဲလား..အဟက်"ခပ်ကြဲကြဲရယ်ကာ ပျက်ရယ်ပြုလိုက်သည်
ရင်ခွင်ရိပ်လည်း အနည်းငယ်တင်းကာ
"ရှင်ဘာတေထင်နေတာလည်း ကျမကရှင့်ကိုကောင်းစေချင်လို့ပြောတာ  သူကကျမကို သစ်စိမ်းချိုးချိုးသွားတာရှင့်  ပြီးတော့ယောက်ျားလေးတေကိုလည်းစိတ်ဝင်စားတာမဟုတ်ဘူး နောက်ဆုံးရှင်ပဲရှကျန်ခဲ့မှာ.."
"ဟုတ်ပါပြီ ဒါဆိုမင်းက ဒီအထိလာပြောတယ်ဆိုတာက ကိုယ့်ကိုစိတ်ပူလို့ပေါ့."
"စိတ်ကူးယဉ်မနေနဲ့ ကျမက lesbian ရှင်ဆွဲဆောင်နေလည်းဘာမှမထူးဘူး"
"ဟဟဟ အိုခေပါ ဒါဆို စွဲညှို့ကိုအူတိုတာပေါ့ စိတ်ချပါ စွဲညှို့ကလည်း အဲ့ကိစ္စ ကိုယ့်ကိုပြောပြီးပါပြီ သူ့ရဲ့ပုံစံအမှန်ကိုပြောပြီးပြီလေ"
"ဒါဆို ရှင်ဘလိုဆုံးဖြတ်ထားလဲ"
"စဉ်းစားတုန်းပါ...ကဲပါ မင်းခုနေမှ အူတိုနေလည်း စွဲညှို့ကိုပြန်မရဘူးနော် သူကချစ်မိနေပြီလေ"
သုတ ခနဲ့ပြုံးပြုံးကာ ပြောလိုက်တော့ ရင်ခွင်ရိပ်လန့်သွားကာ "ဘာပြောတယ် "
"သူ့မှာချစ်သူရှိနေပြီလေ..သူ့ချစ်သူတောင်အခုလာတာ ခေါ်လာသေးတယ် ကိုယ်ထင်ပါတယ် ဒီတခါ‌ေတာ့သူချစ်မိသွားပြီ ဒါကြောင့် ကိုယ်လက်လွှတ်ဖို့ဆုံးဖြတ်ထားပါတယ်"
"မဖြစ်နိုင်တာ...သူကဒီလိုပဲ အပျော်ထားနေကြလေ..ဘလိုလုပ်ဖြစ်နိုင်မှာလဲ"
"ဖြစ်နိုင်တာပေါ့ သူပြောင်းလဲနေပြီလေ...အရင်က ကိုယ်တွေ့ဖူးတဲ့ ခက်ထန်တဲ့စွဲညှို့ဆိုတဲ့မိန်းကလေးဟာ အရမ်းနူးညံ့တဲ့သူတစ်ယောက်ဖြစ်နေပြီလေ"
"ဟင့်အင်း...မဖြစ်နိုင်ဘူး ကျမမယုံဘူး"ရင်ခွင်ရိပ် စိုးထိတ်စွာ ခေါင်းခါလျက်  သုတရှေ့ကထွက်သွားတော့သည်
သုတလည်း ရယ်ကျဲကျဲနဲ့ကျန်ခဲ့ပြီး ဓာတ်ပုံပဲဆက်ရိုက်နေလိုက်သည်

မေတ္တာ 'လွန်'Where stories live. Discover now