အပိုင်း ၄၂(Unicode)

187 5 0
                                    

"မောင်"

"ဗျာ"

Companyသွားဖို့လုပ်နေတဲ့ မောင်ကို နက်ကတိုင်တပ်ပေးရင် ခေါ်လိုက်တော့ ချက်ချင်းထူးလာတဲ့ မောင်။

"ငါ့မိဘတွေဆီ မရောက်တာကြာလို့ အလည်သွားမလို့ "

"ကလေးငယ် company မသွားဘူးလား"

"အွန်း မသွားဘူး အလင်းကို အရေးကြီးရင် လာပို့ဖို့ပြောထားတယ်"

"မောင် လိုက်ပို့ပေးမယ် ညနေကျလည်း မောင် ဝင်ခေါ်မယ်လေ"

"အွန်း"

"မောင်တော့ နေ့လည်ကျရင်Companyဘဲနေရပြီး နေ့လည်စားရတော့မယ် ဒီကလေးငယ်လေးကို လွမ်းရတော့မယ်"

လွမ်းရုံးတက်တဲ့နေ့တိုင်း နေ့ခင်းဆီ လွမ်းဆီရောက်လာကာ နေ့လည်စာအတူတူသွားစားဖြစ်သည်။လွမ်းက အလုပ်တွေပျက်လို့ မလာပါနဲ့ဆိုပြီး ပြောမိတော့ အဲ့အလုပ်တွေက မောင့်ချစ်ရတဲ့သူလောက် အရေးမကြီးဘူးပြောလာတဲ့ တဇွတ်ထိုးလူဆိုးလေးကြောင့် လွမ်းလည်း ထပ်မပြောဘဲ သူ့စိတ်ကြိုက်လုပ်ခိုင်းလိုက်၏။အမြဲတမ်းအတူတူနေ့လည်စာစားနေတာကို တစ်ရက်တည်းအတူတူမစားရတာကြောင့် အပိုတွေပြောနေတဲ့ မောင်ကို။

"အပိုတွေ"

"ဟားဟား ချစ်စရာလေးကွာ"

မျက်စောင်းလေးထိုး၍ လူကို အပိုတွေ ဆိုပြီး ဆိုလာတဲ့ သူရှေ့က အကောင်ပေါက်ကို သဘောကျလွန်းလို့ တဟားဟားအော်ရီမိတော့သည်။ဒီကလေးငယ်က သူ့အပေါ်ဘယ်လိုအပြူအမူမျိုးပဲပြုမှုနေနေ သူ့မှာတော့ အဲ့ဒီပုံစံတစ်မျိုးချင်းစီကို သဘောကျပြီး ပိုချစ်ရလွန်းလို့ လွမ်းဟိန်းထက်မှူးဆိုတဲ့လူသားကို ထားစရာနေရာမရှိတော့ပေ။

"ရီမနေနဲ့ အောက်ထပ်သွားမယ် တော်ကြာ ဒယ်ဒီနေ စောင့်နေရလိမ့်မယ်"

"ဟုတ်ပါပြီဗျ ခင်ဗျားလေးသဘောတော်အတိုင်း"

မောင်ကတော့ Company သွားမည်အတွက်ကြောင့် လူကြီးဆန်ဆန်ဖြင့် အလွန်ကြည့်ကောင်းလှသည်။လွမ်းကတော့ ဒယ်ဒီတို့ဆီ သွားမည်ဆိုတာကြောင့် ပေါ့ပေါ့ပါးပါး အဝတ်အစားပဲ ဝတ်ထားလေသည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Where stories live. Discover now