part 31

144 6 4
                                    

ခင်ဗျားကြီးကို...မချစ်ဘူး
part 31

"kit.....kit........"

အိမ်ထဲအပြေးဝင်ချလာကာတကြော်ကြော်အော်နေသည့်gun...အပေါ်ထပ်ကိုသာကြည့်ပြီးအသာကုန်အော်ခေါ်နေသည်။ဧည့်ခန်းမှာထိုင်နေသည့်kitကိုတော့မြင်ပုံမရ....။

"Ai gun.......ငါဒီမှာ......."

ခေါ်လိုက်တော့မှခေါင်းကဧည့်ခန်းဘက်လှည့်ကြည့်ကာလာဝင်လာသည့်gun....။ဘေးမှာအတင်းဝင်ထိုင်ပြီးဝတ်ထားသည့်ဟူဒီအင်ကျီကိုအတင်းဆွဲလှန်သည်မို့ပြန်ဆွဲဖယ်ရင်း.........

"Ai gun....gun.....မင်းဘာလုပ်နေတာလဲ......လွတ်နော်......"

"​ပြစမ်းပါကွာ.....ကြည့်ချင်လို့ပါဆို......."

"လွတ်ပါဆိုကွာ......ဧည့်ခန်းကြီးမှာမင်းဘယ်လိုဖြစ်နေတာလဲ......"

အတင်းဆွဲလှန်နေသည်ကိုအတင်းပြန်ဖုံးရင်းလက်နှစ်ဖက်နှင့်ဗိုက်နေရာကိုကျစ်ထားလိုက်တော့မှသာငြိမ်ကာထိုင်သွားတော့သည်။ဘာကောင်မှန်းမသိ..တွေ့တွေ့ချင်းအင်္ကျီပြေးချွတ်ရတယ်လို့....။ဒါတောင်မှလက်ကလေးဖယ်မယ်လည်းလုပ်ရောဒင်းလက်ကပြန်လှည့်လာသေးသည်မို့ခြေထောက်နဲ့ရွယ်ပြလိုက်တော့မှငြိမ်တော့သည်။

"ထပ်လုပ်ရင်စောက်ကန်မှာနော်...ဟေ့ကောင်..."

"အေးပါကွာ....ငါကကြည့်ချင်လို့ဟာကို......"

"စာမေးပွဲပြီးပြီပေါ့......."

"အင်....ပြီးပြီးချင်းမင်းဆီအပြေးလာတာနော်....."

"အပိုတွေ....မင်းp off ကားပေါ်ကဆင်းလာတာမလား...ကားပြန်ထွက်သွားတာတွေ့သွားပဲ....."

"ဟဲဟဲ......p offကလာကြို​​ပေးတာနဲ့ငါ့မှာအသဲအသန်ပြေးလာရတာပါကွာ....."

မနေ့ညထဲကဖုန်းဆက်လှမ်းမေးသည်မို့အကျိုးအကြောင်းအားလုံးသိနေသည့်gunကမနက်ကဆေးရုံသွားတာတောင်မှလိုက်ခဲ့ချင်နေသေးသည်။စားမေးပွဲကအရေးကြီးနေတာမို့အရင်ဖြေလိုက်ပါလို့မနည်းပြောယူလိုက်ရသည်။သူငယ်ချင်းကိုဂရုစိုက်တာလား...အစပ်စုလွန်နေတာလားတော့မသိ......။...ဒင်းနဲ့စကားပြောရင်းlaptop ထဲက စာရင်းတွေလည်းကြည့်ရသေးသည်။အလုပ်မလုပ်ဖို့တားထားပေမဲ့ကုမ္ပဏီကတစ်ချို့ကိစ္စတွေကကိုယ်နှင့်မှအဆင်ပြေနိုင်တာမို့p singလည်းမရှိတုန်းခိုးလုပ်နေရသည်။ပြန်လွှဲပေးတော့လည်းယူတာမဟုတ်...။ဖွားဖွားတစ်ယောက်တည်းဘယ််လိုမျိုးလုပ်နိုင်မှာလဲ..။မားကလည်းအခုမှဒီလောကထဲစဝင်ကာစကို.....။

ခင်ဗျားကြီးကို...မချစ်ဘူး(u..z)Nơi câu chuyện tồn tại. Hãy khám phá bây giờ