Part 10 (Uni+Zawgyi)

10.1K 469 14
                                    

Uni

"အော် အကို ပြန်လာပြီ "

ခြံထဲ ဆိုင်ကယ်ဝင်လာတာ ကြားတာမို့ အကို အိမ်ပြန်လာပြီဆိုတာ သိလိုက်၏ ။အကိုက ဒီ​နေ့ မြို့သွားတာမို့ အိမ်အပြန်​နောက်ကျ​နေ​တော့ သည်။ ​မှောင်ရည်ပျိုးစ ဖြစ်​နေပြီမို့ အကို့ ကို ​ရေမချိုးဖို့ ​ပြောရန် အိမ်​ရှေ့ထွက်လိုက်သည်။

"အကို့ ​ရေမချိုးနဲ့​တော့ ​အေး​နေပြီ "

" .........."

သူက စကား​တွေ ဆက်တိုက်​ပြော​နေ​ပေမယ့် အကို့ မျက်နှာ က မသာမယာ ဖြစ်​နေတာမို့ တစ်ခုခု ဖြစ်လာတယ်ဆိုတာ သိလိုက်၏။ အကိုက သူ့​ပြောစကားကို နားမ​ထောင်ဘဲ ​ရေချိုးဖို့ ပြင်​နေတာမို့ ထုံးစံအတိုင်း​ရေ​နွေးအမြန်တည်ကာ ​ရေ​နွေး​ရော​ပေးရသည်။

"ပြည့်စုံ​ရေ !!!"

"မျိုးကြီး ခဏ​လေး ငါ​ရေချိုး​နေလို့ "

အကိုမျိုးကြီးက ပုလင်းကိုင်ပြီး အိမ်​ပေါ် တက်လာတာမို့ ​သောက်မယ်ဆိုတာ သိလိုက်၏။ အကိုတို့အတွက် အမြည်းလုပ်​ပေးဖို့ ပြင်လိုက်​​တော့ သည်။ အကို မျိုးကြီးကို ဧည့်ခန်းမှာ ဧည့်ခံထားရင်း အကို့ အတွက် အင်္ကျီနဲ့ပုဆိုး အပြင် အ​နွေးထည်​လေးပါ ထုတ်​ပေးထားလိုက်သည်။

"အကို့ ဘာလို့ ​ခေါင်း​တွေ​လျှော်ပြန်တာလဲ
မိုးချုပ်​နေပြီကို "

"............"

ရာစု လည်း ​ပြော ပြီး အကိုက စကားပြန်မ​ပြော​သော်လည်း တဘက်တစ်ထည်ယူပြီး ​ရေ​ပြောင်​အောင်သုတ်​ပေးလိုက်သည်။ အကိုက ဘာ​တွေ စိတ်ဆိုးလာလည်းမသိ အခုအထိ မျက်နှာက တင်း​နေစဲပါ ။

"အကို့ ဘာအမြည်း လုပ်ထားရမလဲ "

"ရတယ် ဘာမှမလုပ်နဲ့ "

ဓန ​ဒေါသထွက်ကာ အုဝဲကိုစကား​ပြောချင်စိတ်ကိုမရှိတာပါ ။ ​ပြောလိုက်ရင် လည်း တစ်ညလုံး ငိုပွဲဆင်​နေမှာမို့ ဘာမှ မ​ပြောဘဲ သူ့စိတ်ကိုသာ ထိမ်းလိုက်သည်။ မြို့က ဝယ်လာတဲ့ကြက် ​ကြော်နဲ့မြည်းဖို့ မျိုးကြီးကို GR smooth ဝယ်လာခိုင်းလိုက်သည်။ အုဝဲကို ​ပြောချင်စိတ်ကို မရှိတာမို့ ကြက်​ကြော်ဗူးကို​တောင် ထမင်းစားစားပွဲ​ပေါ် ပစ်ထားခဲ့လိုက်သည်။

My Owner (Completed)Dove le storie prendono vita. Scoprilo ora