Part:19

423 61 9
                                    

Unicode

"ခင်ဗျား!"

"ကိုယ်ပါ ထယ်လေး"

"ဘာလာလုပ်တာလဲ အခုချက်ချင်းထွက်သွား!"

"ခဏလေးပါ ကိုယ်ပြောစရာလေးရှိလို့နားထောင်ပါကွာ နော်"

လီဂန်အူက တောင်းတောင်းပန်ပန်ဖြင့်စကားဆိုသည့်အခါ ထယ်ယောင်း ခနဲ့ပြုံးတစ်ချက်ချိတ်ဆွဲရင်း ထိုလူ့မျက်နှာဆီစိုက်ကြည့်ခဲ့သည်။

တုန်ယင်နေသောလက်များမှာတော့ ခြံတံခါးဘောင်အားကျစ်ကျစ်ဆုပ်ထားလျက်။

"ကလိမ်ကကျစ်လုပ်ရတာမဝသေးပုံပဲ"

"....."

"ခင်ဗျား ငါ့ကို ဘယ်လိုကောင်မှတ်လို့လဲ! ပြောတိုင်းယုံတဲ့ ခပ်တုံးတုံး ကင်မ်ထယ်ယောင်း၊ ပြန်လာလည်းဘာမှဖြစ်မှာမဟုတ်လောက်ဘူးဆိုပြီးတွေးထားသေးလား"

လီဂန်အူ ခေါင်းများကို ဘေးညာ ခါယမ်းမိသည်။ ထယ်လေးဆီမှ ပြင်းထန်သောတုံ့ပြန်မှုများအတွက်ကြိုတင်ပြင်ဆင်လာခဲ့ပေမယ့် တကယ်တမ်း နှုတ်ဖျားမှထွက်လာချိန် စကားလုံးများအပေါ် ခံနိုင်ရည်စွမ်းကင်းမဲ့လျက်။

သူ့လိုကောင်က ထယ်လေးအနား ထပ်ပြီးမလာသင့်တော့မှန်းနားလည်ပါတယ်။ ဒါပေမယ့် အတိတ်မှာလုပ်ခဲ့တဲ့ မိမိရဲ့အမှားတွေကို ဒီကလေးငယ်အပေါ်ဝန်ချတောင်းပန်ချင်သေးသည်။

"ကိုယ်ဒီတစ်ခေါက် အပြီးပြန်လာခဲ့တာ။ ထပ်ပြီးလာခဲ့ပါ့မယ်။ အာ့အခါ ထယ်လေး စိတ်အေးအေးထားပြီး နားထောင်ပေးဖို့မျှော်လင့်တယ်"

မုန်းတီးစက်ဆုပ်သည့်အသွင်ဖြင့် ဘေးတစ်ဖက်သို့မျက်နှာလှည့်ထားသည့်ထယ်ယောင်း။
စိတ်ရှိတဲ့အတိုင်းဆို တစ်ချက်လောက်ပိတ်ထိုးချင်ပေမယ့် ဒီလူ့ပါးပေါ် လက်တင်ရမှာတောင် စိတ်ပျက်မိ၏။

"တောင်းပန်ပါတယ်။ ကိုယ်ထပ်ပြီး.... တောင်းပန်ပါတယ်"

နွမ်းလျလျအသံဟာ လေပြည်ညှင်းများနှင့်အတူ မျောလွင့်သွားတော့မည့်အတိုင်း။

တစ်ချိန်က ငေးမဝဖြစ်ခဲ့ရတဲ့ လီဂန်အူရဲ့မျက်နှာကို အခုချိန် ထယ်ယောင်း တည့်တည့်ပင် စိုက်မကြည့်ချင်တော့ပေ။

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now