"ချွဲယောန်ဂျွန်း ! ခင်ဗျားကဘာကိစ္စ ကျွန်တော့်ချစ်သူကို ပန်းတွေလာပေးတာလဲ"
"ဟ ဒီနေ့ကကျောင်းနောက်ဆုံးနေ့လေ မင်းချစ်သူမှမဟုတ်ဘူး ငါခင်တဲ့သူတိုင်းကို ပန်းပေးတာပဲ မင်းကဘာထဖြစ်တာလဲ"
"မကြိုက်ဘူး ခင်ဗျားပေးတဲ့ပန်းတွေ ခင်ဗျားပြန်ယူ ဂန်ဘောမ်ဂယူးကိုလာမပတ်သတ်နဲ့"
"မင်းကပိုင်ဆိုးပိုင်နက်နဲ့ပြောရအောင် ချွဲဘောမ်ဂယူးက မင်းအပိုင်မဟုတ်ဘူး"
မောင့်အတွက်အဲ့စကားကအသည်းထိအောင်နာပါတယ်။
စကားနဲ့မနိုင်တဲ့အခါ လက်ပါပါလာကြသည်။"ချွဲယောန်ဂျွန်းနဲ့ ဂန်ထယ်ဟွန်း ရန်ဖြစ်နေကြတယ်"
"မောင်"
လွယ်အိတ်ပစ်ချကာ မောင့်ရှိတဲ့နေရာကို အမြန်ဆုံးပြေးလာခဲ့သည်။
စဖြစ်တုန်းက တစ်ယောက်တစ်လှည့်စီထိုးနေကြရင်းနဲ့ ယောန်ဂျွန်းသူငယ်ချင်းတွေနဲ့ ထယ်ဟွန်းသူငယ်ချင်းတွေပါလာလို့ ပြသနာကပိုကြီးသည်။လူအုပ်ကြီးကြားတိုးဝင်ကာ မောင့်ကိုရှာသည်။အားနဲ့ချိန်ထားတဲ့ ယောန်ဂျွန်းရှေ့ကိုပြေးဝင်လိုက်တာမလို့ မောင့်အစားသူပါအထိုးခံလိုက်ရသည်။
"ချွဲယောန်ဂျွန်း ခင်ဗျားသေမယ်!"
မထိရက်မကိုင်ရက်မြတ်နိုးသူလေး ဒဏ်ရာရတာတော့ ဘယ်ခံနိုင်ပါ့မလဲ။
မောင်ကလူကောင်ပိုသေးပင်မဲ့ ဒေါသပိုကြီးတယ်။ အဆက်မပြတ်ချွဲယောန်ဂျွန်းကိုထိုးနေတဲ့ လက်ကို ဆူဘင်းကအတင်းဝင်ဆွဲသည်။
"တော်ပါတော့ ထယ်ဟွန်း"
ဆူဘင်းရဲ့လက်ကိုခါချပြီး သေမတက်ယောန်ဂျွန်းကိုဆက်ထိုးသည်။
"မောင်...တော်ပါတော့..တော်လိုက်တော့ သွားကြမယ်နော်"
"အရမ်းနာသွားလား တောက်! စိတ်တိုလိုက်တာ"
"နည်းနည်းလေးမှမနာတာမလို့ သွားကြမယ်နော်"
သူ့မျက်နှာကဒဏ်ရာတွေထက် မောင့်မျက်နှာပေါ်ကဒဏ်ရာတွေကိုဆေးအရင်ထည့်ပေးဖြစ်သည်။
"ဘာလို့ရန်ဖြစ်တာလဲ မောင်ရယ် စကားနဲ့ပြောလည်းရတာကို မောင့်ဒေါသကိုလည်းနည်းနည်းလျော့ပါအုန်း"
YOU ARE READING
Love in the Criminal {Completed}
Fanfictionမောင်က အချစ်ကြီးသလို အမျက်လည်းကြီးတယ်သဲငယ် မောင်ကလွဲပြီး မင်းကိုဘယ်သူမှမပိုင်ဆိုင်ရဘူး မင်းရဲ့ ပိုင်ရှင်က မောင်ပဲဖြစ်ရမယ်...