အပိုင်း(21)uni&zgi

563 23 1
                                    


လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(21)

"ဒါဆို ငါပေးတဲ့ငွေကိုပဲယူပြီး အဝေးကိုလစ်လိုက်စမ်းပါလား "

"ဒါဆိုလဲ ယွမ်ယွမ်ကိုဖုန်းခေါ်ပြီး ဦးလေးအကြောင်းပြောလိုက်မယ် အဲ့လိုဆိုရင်ရောရလား"

"မင်း အခုငါ့ကိုခြိမ်းခြောက်တာလား"

"ဟုတ်တယ်လေ"

"မင်း! "

မုပါးပါးခမျာ ဘာပြောလို့ပြောရမှနး်ကိုမသိတော့ဘူး

ဒါပေမဲ့ ဒီကောင်လေးက သိပ်ပြီးထူးခြားတာပဲ သူ့ရဲ့အားနည်းချက်ကိုချက်ချင်းသိပြီး ဖမ်းဆုပ်နိုင်တယ်

"ဒါဆို ငါတို့ရှင်းရှင်းလင်းလင်းပဲပြောကြရအောင် မင်းကဆင်းရဲတယ် မပြေလည်ဘူး အရူးအမေနဲ့ဘဝကိုရုန်းကန်နေရတယ် ငါ‌ပြောတာမှားလား "

"အဲ့တော့ဘာဖြစ်လဲ ယွမ်ယွမ်က ဆင်းရဲတဲ့ကျွန်တော် အရူးအမေနဲ့နေရတဲ့ကျွန‌်တော်နဲ့ မလိုက်ဖက်ဘူးလို့ပြောတာလား "

သူနဲ့မုပါးပါးရဲ့စကားဝိုင်းကပိုပြီးအရှိန်တက်လာတယ်

မုပါးပါးရဲ့စိတ်အားထက်သန်မူ့တွေက ကောင်းမင်ထျန်းရဲ့တည်ငြိမ်မူ့အောက်အဖိခံထားရပေမဲ့ နောက်ဆုံးကျည်ဆန်ကတော့ ချက်ကောင်းကိုထိသွားတဲ့ပုံပဲ ကောင်းမင်ထျန်းဒေါသထွက်လာခဲ့လေတယ်

မုပါးပါးက တချက်ပြုံးလိုက်ပြီး လက်အချင်းချင်းယှက်ကာ စားပွဲပေါ်တင်လိုက်ပြီး

"ဟုတ်တယ်လေ ယွမ်အာက သူ့ခြေထောက်မှာ ယွမ်းလေးငါးရာတန်ဖိနပ်ကိုတောင်စီးဖူးတာမဟုတ်ဘူးကွ သိန်းကျော်သန်းကျော်တန်ဖိနပ်ပဲစီးတတ်တဲ့ကောင်မလေးက ယွမ်ငါးဆယ်တန်ဖိနပ်ကိုစီးပြီးလယ်ကွင်းထဲမှာလယ်စိုက်စားနိုင်မယ်လို့မင်းထင်နေတာလား"

"ခင်ဗျား လူတဖက်သားကိုသိပ်နှိမ်တတ်တာပဲ ဝဋ်လည်မှာမကြောက်ဘူးလား ဟင်?"

ကောင်းမင်ထျန်း တော်တော်ဒေါသထွက်နေပြီ ယွမ်ယွမ်ရဲ့အဖေဆိုတဲ့မျက်နှာကိုထောက်နေလို့သာ သူထမထိုးတာ စကားပြောပုံကလဲ အကြီးကြီးနဲ့

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Onde histórias criam vida. Descubra agora