အပိုင်း(22)uni&zgi

547 28 1
                                    


လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(22)

ဟမ့် သူ့သမီးရဲ့ခြေထောက်ကဖုန်မှုန့်လောက်တောင်အဖိုးမတန်တဲ့ကောင်ကများ ယွမ်အာကိုမှန်းရဲသေးတယ်ပေါ့လေ

ဟမ့် အဲ့လိုကောင်ကိုအဆုံးသတ်ကောင်းကောင်းလေးမရှိစေရဘူး

မုပါးပါးရဲ့နှုတ်ခမ်းထောင့်စွန်းတို့က ကော့တက်သွားပြီး ရက်စက်မဲ့အပြုံးတို့လင်းလက်လာတော့တယ်

ဘေးနားက မုပါးပါးရဲ့လူယုံက အဲ့အပြုံးကိုမြင်ပြီး ဖုန်းထုတ်လိုက်ကာ သူ့လက်အောက်ကလူတွေကို ဘာလုပ်ရမလဲဆိုတာ အမိန့်ပေးညွှန်ကြားလိုက်တော့တယ်

အဲ့လိုနဲ့ပဲ မုယွမ်ယွမ်နဲ့ကောင်းမင်ထျန်းရဲ့ဘဝမှာအကြီးမားဆုံးရိုက်ခတ်မူ့ကြီးစတင်လာတော့တယ်

ချစ်သူဖြစ်စဆိုတော့ သွားချင်တာလာချင်တာလဲအများသား

သူမကိုယ်သူမလဲ အဲ့လောက်စကားပြောနိုင်မှန်း အခုမှသိရသလို သူအရမ်းပြုံးတာကိုလဲ သိရတယ်

သူမချစ်သူရသွားပြီလို့ ဝူလင်းယန်ကို ပြောပြလိုက်တယ်လေ

ဒါပေမဲ့ အခုတော့ အဲ့တစ်ယောက်မရှိဘူး  ဘာဖြစ်တယ်မသိဘူး အပန်းဖြေစိတ်ပြေလက်ပျောက်ခရီးသွားချင်တယ်ဆိုပြီး လဝက်ခွင့်တောင်းသွားလေရဲ့

သူမလဲဘာလို့မှန်းမသိဘူး

ဒါပေမဲ့လဲ ခေါင်းသိပ်မသုံးပဲနေလာရင်းနဲ့ မေ့သွားခဲ့လေတယ်

အာ ဟင်းချက်နေတဲ့အန်တီကိုကြည့်ရင်းနဲ့ သူမ တခါတလေတော့ သတိရမိတာပေါ့ ဒါပေမဲ့လဲ သူမဘက်ကသူ့ကိုစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဖုန်းတောင်မဆက်ဖြစ်ဘူး

"တီ တီ "

"ဟဲလို "

"Boss ကပြောတယ် နေ့လည်စာ လာစားပါတဲ့ "

"ဘာလဲ အဲ့ဘိုးတော်က ပါးစပ်မပါဘူးလား သူကိုယ်တိုင်မပြောရင်မလာဘူးလို့ပြောလိုက် "

သူမပြောလိုက်တာနဲ့ဟိုဖက‌်က ‌‌ေဆာင့်အောင့်နေတဲ့အသံကထွက်လာခဲ့လေတယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)حيث تعيش القصص. اكتشف الآن