Unicode
.................လရိပ်က အိမ်ပြန်ချင်ဇောဖြင့် ရှေ့နောက်မကြည့်ပဲ ထွက်လိုက်ရာ ဘယ်ကရောက်လာမှန်းမသိသည့်လူတစ်ယောက်ကို ဝင်တိုက်တော့သည်။ သူ့ဘက်ကိုယ့်ဘက် ဆန့်ကျင်ဘက် တစ်နေရာမှ ဝင်တိုက်လိုက်သည်မို့ ခြေမခိုင်သည့် လရိပ်ချိုပဲ လဲကျသွားသည်မှာ ဗိုင်းခနဲ။
''အာ့....''
ဖင်ထိုင်ရက်လဲကျသွားပြီးသည့်အပြင် တိုက်မိတုန်းက လရိပ်ရဲ့မျက်မှန်ကလည်း ထိုမမြင်ရသည့်နံရံမာကြီးဖြင့် မိတ်ဆက်သွားသည်မို့ မျက်မှန်ကိုင်းတို့မှာလည်း ဖရိုဖရဲ။
'' နာလိုက်တာ..... ရှေ့ကဘာကြီးနဲ့တိုက်မိပါလိမ့်။ ကျိုးကုန်ပြီလားမသိဘူး ''
ဆူပုတ်ပုတ်လေးဖြင့် တစ်ယောက်တည်းရေရွတ်ရင်း သူ့မျက်မှန်ကြီးကို မမြင်မကန်းဖြင့် ဖြုတ်ကြည့်နေသည်။ သူ့ရှေ့မှထိုလူကတော့ လရိပ်အားစိုက်ကြည့်လို့နေသည်။
မင်းစစ် ဖုန်းပြောရင်းလျှောက်လာသည်မို့ ရှေ့ရှိလူကို အာရုံမရောက်လိုက်ပေ။ ထို့ကြောင့်အချင်းချင်းတိုက်မိလိုက်ကြသည်။ သူထိုပုလင်းဖင်ကောင်လေးကိုကြည့်မိတော့ တစ်နေရာမှာမြင်ဖူးသယောင်။
သူ့အနေဖြင့်လည်း ရင်ဘတ်ကြီးအောင့်သွားရပါတယ်။ သူလည်း ဝင်တိုက်မိသည့်အရှိန်ကြောင့် ယိုင်သွားသော်လည်း လဲတော့မကျသွား။ စိတ်တိုတိုဖြင့်ကြည့်လိုက်မိတော့ လူကောင်သေးသေးနဲ့တစ်ယောက်။ ထိုကောင်လေးက သူ့အားပြန်မတောင်းပန်သည့်အပြင် ရွဲသွားသည့်သူ့ရဲ့ ပုလင်းဖင်မျက်မှန်ကြီးကိုသာ စိုက်ကြည့်လို့နေသည်။
ရုံးဝတ်စုံပုံစံမို့ သူ့ကုမ္ပဏီမှ ဝန်ထမ်းများလား။
''ဟေ့ကောင်လေး''
''ဗျာ....''
လရိပ် မျက်မှန်ကြီး ကမန်းကတမ်းပြန်တပ်လိုက်ပြီး အပေါ်ကိုမော့ကြည့်လိုက်တော့......
''အမလေး...''
စိတ်တိုနေသည့်မျက်နှာနှင့် တည်တင်းစွာကြည့်နေသော ရှေ့ကလူ။ လန့်သွားသည်မို့ အသဲနုသူလရိပ်မှာ ထိတ်ထိတ်ပြာပြာဖြစ်သွားတော့သည်။
YOU ARE READING
နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် Completed
RomanceUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fourth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...