ပင်ပန်းနေပြီ
လွှတ်ချမိတော့မယ်ပြောနေကျ
ကိုယ်က....မင်းကသာ
ကိုယ့်အနားမှာထပ်ရှိနေဖို့
အကြောင်းပြချက်သေးသေးလေးနဲ့ဖြစ်ဖြစ်
တွယ်ကပ်နေရင်တောင်....
အလိုလို စိတ်ပြေသွားမှာ....မရှိရင်လဲ ဖြစ်ပါတယ်
ဂရုမစိုက်လဲ အေးဆေးပဲ
အဲ့လို ရွဲ့ပြောတတ်တဲ့
ကိုယ့်စကားတွေကို
မင်းသာ အမှန်မြင်တတ်ခဲ့ရင်
ငိုရတဲ့ ရက်ဆိုတာ
ရှိလာမှာတောင်မဟုတ်ဘူးအသဲကွဲလို့ မသေဘူး
ဟုတ်တယ်
စိတ်ထင်တိုင်း လုပ်မိသမျှ
ဒဏ်ရာအနာတရတွေတော့
အရေပြားပေါ်မှာ
ပိုတိုးလာမှာပေါ့.......ချစ်လားဆို
မချစ်ပါဘူး လို့ဖြေတတ်တဲ့
ခပ်ချေချေ မိန်းမ မှာ
မင်း တစ်ကိုယ်စာအတွက်
မေတ္တာတရား တွေ အပြည့်.......ချစ်တာကို ထုတ်မပြချင်ခဲ့တာက
ငယ်လွန်းတဲ့ မင်းအပေါ်
ကြီးတဲ့ ကိုယ်က
အပြိုင်ဆိုးချင်တဲ့
ဂျစ်ကန်ကန်စိတ်လေးနဲ့
အနိုင်ယူမိတာပါ......ချစ်တာကတော့
မင်း အလုပ်လုပ်နေတာလေးတွေ
စိတ်ပါလက်ပါ ခေါက်ဆွဲလေး
ပြုတ်ပေးတာကစ
ဒီရင်မှာ မြတ်နိုးခြင်းတွေ
အထပ်ထပ်တိုးလာရတာလေ.......မင်းကြောင့် အခါ 100
နာကျင်ရရင်တောင်
မင်းပေးတဲ့ ကြင်နာမှုလေး
3ခါလောက် ရတာနဲ့
ဒီကောင်က တိမ်ပေါ်ရောက်နေပြီ.....ချစ်တာထပ်ကိုပိုပါတယ်
မောင်#Amelia
YOU ARE READING
မောင့်ကိုရည်စူးတဲ့ ကဗျာအပိုင်းအစတွေ
Romanceချစ်ရပါသော မောင့်အတွက် ခပ်ဆိုးဆိုး မိန်းမရဲ့ ရင်ဖွင့်စာတွေပါပေါ့ လွမ်းတိုင်းရေးမယ် ရေးရင်းလဲ ပိုလွမ်းလာတယ်