(1)
ဆူးခလုတ်လေးမို့
မထိအောင် ရှောင်ပဲသွားသွား
ခင်ဗျား သဘောပါ
သိတယ်မလား
ကျနော်က
ခင်ဗျားရဲ့ကိုယ်ပိုင်အချိန်တွေကို
အတင်းဝါးစားလောင်မြိုက်နေတဲ့
ဗိုင်းရပ်စ်လေ😂
အဲ့တော့
နေသာသလိုလေး
နေပေးလိုက်ပါတယ်😊
မစာနာဘူး
ဖြစ်မှာစိုးလို့.....(2)
မင်းမရှိလဲဖြစ်တယ်ဆိုပြီး
အသံကုန်အော်လိုက်တယ်
ပြန်ကြားလိုက်ရတဲ့အသံက
အထိတ်တလန့်ပါပဲ
ငိုသံတွေပါအက်လို့.....မင်းကိုဘယ်တုန်းကမှ
မချစ်ခဲ့ဘူးလို့
နောက်တခါ ထပ်ညာလိုက်တယ်
ဘေးနားက
သောက်လက်စပုလင်းလေး
လဲကျသွားတယ်
တောင်ပုံရာပုံသော
ပုလင်းပုံဘေးကို.....(3)
တနေကုန်တော့
ငါ နေနိုင်တယ်ဆိုတဲ့မာနကလေးနဲ့
စိတ်မကောင်းဖြစ်တဲ့အကြောင်း
မတွေးမိအောင်နေခဲ့တယ်....ညရောက်တော့
အလိုလို သတိရလို့
ငိုချင်လာပြန်ပြီငါဆိုတဲ့
မာနခပ်ကြီးကြီးကောင်ကလဲ
ပြိုလဲရင်ထိထိရှရှပါပဲ
တိတ်တိတ်ဆိတ်ဆိတ်
ကြိတ်ငိုတတ်တာကလွဲလို့......(4)
တကယ်ပဲ
စိတ်နဲ့သတ်တဲ့
ကစားပွဲတွေမှာ
ခင်ဗျားက
အကြိမ်ကြိမ်အနိုင်ရသလောက်
ကျနော်က
အကြိမ်ကြိမ်ရှုံးတယ်
ထပ်အနိုင်ယူပါဦးလား
ခင်ဗျားစိတ်နဲ့
သေမဲ့ကောင်ကိုလေ.......(5)
လက်ကောက်ဝတ်ပေါ်ကို
ဓားရာလေးတွေ
ပေးမိတဲ့အခါ.....ကျနော် ခင်ဗျားကို
ခနတော့ မေ့လို့ရတယ်.....ဒါပေမယ့်
အိပ်ဆေးတွေ...
ကျနော်နဲ့ ဓာတ်မတည့်တဲ့ဆေးတွေ
အများကြီး
onလိုက်မယ်ဆိုရင်.....ကျနော် ခင်ဗျားကို
တစ်ဘဝလုံးစာ
မေ့လို့ရတော့မှာ.....#Amelia
YOU ARE READING
မောင့်ကိုရည်စူးတဲ့ ကဗျာအပိုင်းအစတွေ
Romanceချစ်ရပါသော မောင့်အတွက် ခပ်ဆိုးဆိုး မိန်းမရဲ့ ရင်ဖွင့်စာတွေပါပေါ့ လွမ်းတိုင်းရေးမယ် ရေးရင်းလဲ ပိုလွမ်းလာတယ်