16

1.2K 77 1
                                    

#Unicode

ထယ်ယောင်းတို့  ရေကူးကလပ်ကလူတွေ
အချင်းချင်း မိတ်ဆက်ပီးသွားတဲ့အခါမှာ
စီနီယာနမ်ဂျွန်းက ဒီနေ့တစ်ရက်
အနားပေးမယ်ဆိုပီး  စီနီယာဆော့ဂျင်
ကိုခေါ်ကာထွက်သွားတော့သည်။

ပတ်ခ်ဂျီမင်းတစ်ယောက်ကလဲ 
ကလပ်ထဲက ရှိသမျှ ယောကျာ်းလေး
မိန်းကလေးအကုန်လုံးနှင့် လိုက်လေပေါနေတာကြောင့်  ထယ်ယောင်းမှာ
ပျင်းလာပီး တစ်ယောက်ထဲ အင်္ကျီလဲကာ
ရေသွားကူးဖို့ပြင်လိုက်သည်။






ဂျောင်ဂုတစ်ယောက် ဂျောင်ဟိုဆော့
လက်မှ ထွက်ပြေးလာပီး...ဟိုကလေးပေါက်
ရှာပုံတော် ဖွင့်နေရတော့သည်။

ရေကူးကလပ်ရဲ့ မိတ်ဆက်ပွဲက ပီးသွား
ပြီမို့ လူတွေက တကွဲတပြားဖြင့်
ဖြစ်နေတော့သည်.....

ထိုထဲမှာမှ ထိုကလေးပေါက်ရဲ့ အရိပ်ရောင်လေးတောင် မတွေ့ရ.....

နေရာအနှံ့လိုက်ရှာပီးနောက်  နောက်ဆုံး
ကျန်နေတဲ့ ရေကူးကန်ဆီကို ထွက်လာလိုက်သည်။

ဟော......တွေ့ပါပီဗျာ.....

ရေကူးကန်ကြီးရဲ့အလယ်မှာ  အားရပါးရ
ရေကူးနေတဲ့ ခေါင်းနီနီလေး....

ထိုကလေးကို အဲ့လောက်
ရေကူးကျွမ်းမယ်မှန်း 
ဂျောင်ဂုထင်မထားခဲ့ပေ....

ကူးနေလိုက်ပုံများ  ရေသူထီးလေးတစ်ကောင်အလား ခန္ဓာကိုယ်ကောက်ကြောင်း
လေးက  ပုံကျလွန်းနေတာကြောင့်
နီးနီးကပ်ကပ် မြင်ရစေရန်....
ကန်ဘောင်အနားကို တဖြည်းဖြည်း
ကပ်သွားလိုက်သည်။

ကန်ဘောင်ဘေးလဲရောက်ရော
ထိုကလေးမှ ရုတ်တရက်
ရေထဲကတက်လာပီး သူ့ဘက်ကို
ကြည့်လာတာကြောင့် ဂျောင်ဂုမှာ
သူခိုးလူမိသွားတဲ့အတိုင်း.....

အယောင်ယောင်အမှားမှားဖြင့်
နောက်ပြန်လှည့်ရာ  ကန်ဘောင်ကရေတွေနှင့်
ချော်ပီး  ရေကန်ထဲကို
တည့်တည့်မတ်မတ်
ကြီး ပြုတ်ကျသွားတော့သည်။

"အားးးးး.....!"

"ဗွမ်းးးးးး !!!"


ဂျောင်ဂုမေ့နေတာတစ်ခုက

သူရေမကူးတတ်ဘူးဆိုတာပင်......

"ဖလူး....ကယ်အုံး....ဖူး...အွန်း.....ဖွီး... !!"

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now