For Unicode
ကျောင်းမှာလည်းဆက်မနေချင်သလို မိဘအိမ်လည်း အလည်အပတ်သွားမနေချင်တာကြောင့် ထယ်ယောင်း အိမ်သာပြန်နေမိသည်။
ဂျောင်ကုကို အလုပ်သွားကြိုရဦးမှာဆိုတော့ အဝတ်အစားကိုတော့ သပ်သပ်ရပ်ရပ်ဆက်ဝတ်ထားလိုက်၏။
ဟိုဝန်းနဲ့တွေ့ခဲ့တဲ့အကြောင်းကို အစပင်မဖော်တဲ့ ဂျောင်ကုအကြောင်းတွေးမိတော့ ထယ်ယောင်းစိတ်ထဲထိုင်းထိုင်းမှိုင်းမှိုင်း။ အရင်လိုဆို ပြဿနာရှာတာမျိုးတော့ လုပ်ဦးမှာပဲ။ အခုဘာကြောင့် ငြိမ်နေခဲ့ရတာလဲ။
ကလေးနဲ့ယှဉ်ပြီး ရန်ဖြစ်လာတာကတော့ ဆိုးသည်။
ဂျောင်ကုမသိအောင် အဝတ်ဗီဒိုအောက်ဆုံးထပ်ထဲ ထည့်သိမ်းထားတဲ့ ကွာရှင်းစာချုပ်အား ထုတ်ကြည့်မိသည့်အခါ ရင်ဘတ်ထဲက လေးလံလာရ၏။
့
မိဘတွေက အားမပေးတဲ့ အိမ်ထောင်ရေး၊အချင်းချင်းနာကျင်စေတဲ့ အိမ်ထောင်ရေး၊ဒီအိမ်ထောင်ရေးက အဆိပ်သင့်နေနိုင်သလား။ထိုစာချုပ်အား ဗီရိုထဲသို့ ပြီးစလွယ်ပစ်ထည့်လိုက်ကာ အိပ်ယာပေါ် လှဲချလိုက်သည်။မျက်စိနှစ်လုံးကို မှိတ်ထားသည့်တိုင် ပုံရိပ်အချို့ကို မြင်ယောင်နေမိ၏။
Toxicဆန်တဲ့ relationshipကို သူပိုင်ထားသလား။
...
ညနေရုံးဆင်းချိန်ရောက်လို့ ထယ်ယောင်း ဂျောင်ကုကို အလုပ်ထိ သွားကြိုတဲ့အခါ ကုမ္ပဏီရှေ့မှာ မတ်တပ်ကလေးစောင့်နေနှင့်တဲ့ ဂျောင်ကုကိုတွေ့ရသည်။
ဂျောင်ကုရှေ့မှာ ထိုးရပ်လာတဲ့ ကားအဖြူကို မတွေ့လောက်အောင် ဂျောင်ကု ဘာတွေအတွေးများနေပါလိမ့်။
မျက်နှာမကောင်းတာကြောင့် ထယ်ယောင်း စိတ်ပူသွားမိတာတော့ အမှန်ပါ။
"ဂျောင်ကု...ဂျောင်ကု လာလေ"
ထယ်ယောင်းရဲ့ခပ်ကျယ်ကျယ်အော်သံကို သတိထားမိမှပင် ဂျောင်ကု စိတ်နဲ့လူကပ်တော့၏။
အလုပ်ကိစ္စတွင်သာ စိတ်အလုံးစုံ ရောက်နေတော့သဖြင့် အိမ်ပြန်ရောက်သည့်တိုင် အဝတ်ပင်မလဲဘဲ Laptopတွေ၊စာရင်းစာရွက်တွေကိုထုတ်ပြီး တွက်ချက်နေမိခဲ့တာ။
ВЫ ЧИТАЕТЕ
𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧 (Completed)
Фанфикသံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023