...မင်းသည်သာ..🍁🍁🍁...အပိုင်း (၅)
ကောင်းကင်..ညှို့ရီမှိုင်းနေတဲ့ကောင်းကင်က..သူနဲ့သဏ္ဍန်တူသယောင်..ထိုကောင်းကင်မှာ တစ်ချက်တစ်ချက် ဝင်းခနဲဖြစ်သွားတဲ့..အရာကတော့..သူ့ဘဝကိုချုပ်ကိုင်နေတဲ့.လေးလေးနဲ့တူတယ်..ဟောကျဆင်းလာတဲ့မိုးစက်.မိုးမှုန်လေးတွေက..သူ့မျက်ဝန်းကကျဆင်းနေတဲ့..မျက်ရည်လေးများအလား...၊မနက်ဖြန်..ဟုတ်တယ်.. မနက်ဖြန်ဆို သူလူကြီးနဲ့စေ့စပ်ရတော့မယ်...သူ့ဆန္ဒမပါပေမယ့်..လေးလေးကျေးဇူးကိုဆပ်ပါလို့ပြောခဲ့တဲ့လေးလေးစကားသံကြောင့်..ဂျီမင်း ဘယ်လိုမှမငြင်းဆန်နိုင်တော့ပဲ...မျက်ရည်ဝဲလျှက်သားနှင့်..သူခေါင်းငြိမ့်အဖြေပေးခဲ့လိုက်ရသည်..။ရောဂါနှင့်ဘဝကိုသေလူလို့သတ်မှတ်ထားခဲ့ပေမယ့် မထင်မှတ်စွာ အသက်ဆက်နိုင်ခဲ့တယ်၊ခုရောသူ့အတွက်ဘာများထူးသလဲ မချစ်မနှစ်သက်သူနဲ့ပေါင်းစပ်ရမယ်တဲ့ တရားရဲ့လားကံကြမ္မာကြီးရယ်..။ပြီးတော့သူ
ထယ့်ကိုအရမ်းသနားတယ်..ခုကိစ္စတွေကို ထယ်သာသိသွားလျှင်.ဂျီမင်းထိုမှရှေ့ဆက်မစဥ်းစားရက်တော့တာကြောင့်..သူ့အခန်းပြတင်းဝ..ကနေ..ပြိုကျတော့မယ့်မိုးကို..အကြောင်းမဲ့ငေးနေမိသည်...။မိုးစက်တွေကျဆင်းလာပြီး..သူ့မျက်နှာထက်ကိုလာ
ရောက်..ထိခတ်တော့မှ..သတိပြန်ဝင်ကာ..ပြတင်းပေါက်လေးကိုပြန်ပိတ်ပြီး..ကုတင်ပေါ်ကို..လှဲချပစ်လိုက်မိသည်။...တဖြေးဖြေးပြိုဆင်းလာတဲ့မိုးစက်နဲ့အပြိုင်..ဂျီမင်းမျက်ဝန်းထောင့်ကနေ..မျက်ရည်စီးကြောင်းများက..အလုအယက်အားပြိုင်နေသယောင်ရှိနေလေသည်....။
*ဘဝဆက်တိုင်းမှာ ချစ်သောသူ ချစ်ရသူနဲ့ပေါင်းဖက်ခွင့်ရှိပါရစေအရှင်ဘုရား*
ပင်ပန်းနွမ်းနယ်နေတဲ့စိတ်ကိုအနားပေးရန် မျက်ဝန်းတို့ပိတ်ယှက်လိုက်သည်။ မျက်ဝန်းများပိတ်ယှက်လိုက်သည်နဲ့ မျက်ရည်မိုးတို့စွေကုန်လေသည်။
🍁🍁🍁🍁🍁🍁🍁
"ဂျိမ်း..."
"ဂျီမင်း...ငါခေါ်နေတယ် ဂျီမင်း ကြားလား"
"ဟင်.."
ဂျီမင်းဘယ်အချိန်အိပ်ပျော်သွားလိုက်လည်းမသိ..မိုးခြိမ်းလိုက်တဲ့အသံနဲ့အတူထွက်ပေါ်လာတဲ့သူ့နာမည်ခေါ်သံ..သူသိပါတယ်..သည်အသံပိုင်ရှင်ကဘယ်သူလဲဆိုတာ..ဂျီမင်းဘာမှမစဉ်းစားတော့ဘဲ..အိပ်ယာထက်မှထကာ..အိမ်အောက်ကိုအပြေးတစ်ပိုင်းဆင်းလာခဲ့မိသည်...။အိပ်ပေါက်ဝရောက်ခါနီး..နောက်ကကြားလိုက်ရတဲ့အသံကြောင့်.သူ့ခြေလှမ်းတွေက..တုန့်ကနဲရပ်သွားရလေသည်....။

YOU ARE READING
မင်းသည်သာ.🍁🍁🍁
Fanfiction"မင်းသည်သာ" ပထမဆုနဲ့... ဒုတိယလူပါ... ပထမလူနဲ့ ပေါင်းဖက်ခွင့်မရပေမဲ့.. မင်းနဲ့တော့ ပေါင်းဖက်ခွင့်ရချင်တယ်... . . jeon jung kook... မောင်ပေးတဲ့.... ဒဏ်ရာတွေကို ကိုယ်ကျေကျေနပ်နပ်နဲ့... လက်ခံပါ့မယ် မောင်ရယ်... တစ်ခုပဲ ကိုယ့်ကိုတော့... သူ့နေရာမှာ အစားမထိ...