*Love U Baby*
ကောင်းကင်ယံမှာ မိုးတိမ်တွေကင်းစင်ပြီးကြယ်ကလေးတွေအစုံအလင်နဲ့ ညပန်းချီကားတစ်ချပ်ပမာလှပနေတော့သည်
အလှကိုအယဉ်ဆင့်ဆိုသလို ပိုးစုန်းကြူးလေးများကလည်းဆိုးလ်မြို့၏ညအလှကိုပို၍ဖော်ကြူးနေသယောင်
ထိုအချိန် တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကိုဖြိုခွင်းလိုက်သောအသံတချို့
Boy1:leaderတယောက်အနေနဲ့hyungဒါကိုလုပ်လို့မဖြစ်ဘူး fanတွေအမြင်ကလည်းရှိသေးတယ်လေ
တဇွတ်ထိုးမလုပ်ချင်စမ်းပါနဲ့ကွာ
Boy2: ပြောလိုက်ရင် leader leader leader အဲ့ဒါကိုပါးစပ်ဖျားကမချဘူး
ဘာလဲ hyungက ကျွန်တော့်ကိုမျှော်လင့်ချက်တွေပေးခဲ့တာလား
hk အေးပေါ့လေ hyungတို့လိုပိုက်ဆံချမ်းသာတဲ့သူကကျွန်တော်လို့လူကိုဘယ်လိုလက်ခံနိုင်မှာလဲ
အဲ့ဒါများ hyungရယ် leader ဆိုတာကြီးကိုမလွှဲချချင်စမ်းပါနဲ့
တောင်းဆိုမိတဲ့ကျွန်တော်ကပဲမှားတာပါ
ကျွန်တော့မာနတွေအားလုံးခဝါချပြီးဒီလောက်တောင်းဆိုနေတာတောင်လက်မခံနိုင်ဘူးဆိုတော့ကျွန်တော်ကောင်းကောင်းကြီးနားလည်သွားပါပြီ
Suho hyung ဘာမှမကြားခဲ့ဘူးလို့မှတ်လိုက်နော်
ကျွန်တော်ပြောပြီးတာနဲ့အပြင်ကိုပြေးထွက်လာခဲ့သည်
Suho:D.O ah------- အာဒီကလေးတော့ မိုးချုပ်နေပြီကိုထွက်သွားပြန်ပြီ
လိုက်သွားဦးမှပါပဲ
Suhoလည်း memberတွေအခြေအနေကြည့်ပြီးထွက်လာခဲ့တယ်
အပြင်ရောက်တော့
Suho's pov:ဟာ D.O ကားလည်းမယူသွားပါလား ဘယ်တွေလျှောက်သွားနေတာလဲကလေးရယ် hyungကိုစိတ်ပူရအောင်လုပ်နေတာလားကွာ
Suhoကားထဲဝင်ထိုင်ရင်းခုနကအကြောင်းတွေပြန်တွေးနေမိသည်
Flack back
ဒီနေ့ကျွန်တော်Suhoရဲ့24နှစ်ပြည့်မွေးနေ့ပါ memberတွေအားလုံးလည်းကျွန်တော်နဲ့ထပ်တူပျော်နေကြတယ်