23

28.6K 1.7K 56
                                    

Part 23

"ကိုစနေဦးခိုက်ကြီး နင့်ကိုလာခေါ်သွားတယ်ဆို.....မဝါထွန်းတို့ပြောတာနေတာငါ့ဖြင့်ဘာမှမသိဘူး"

ကိုကိုလာခေါ်တုန်းကအကြင်နာလည်းကဆုန်ပေါက်ပြီးလိုက်သွားရတာပင်။အကြင်နာတောင်မှမသိပဲအူလည်လည်နဲ့ပါသွားတာဖြစ်၏။အလုပ်ကလူတွေပြောကြဆိုကြတော့မယ်ဆိုတာသိ‌နေသည်။ကိုနေကလည်းလိုက်သွားခိုင်းတာမို့ အကြင်နာအထွန့်မတတ်တော့ပဲလိုက်သွားလိုက်သည်။ထင်တဲ့အတိုင်းပဲနာမည်ကြီးနေပြီ။

အကြင်နာပြန်အလာကိုဖူးငုံလည်းစောင့်နေတာဖြစ်မည်။ဖူးငုံမရှိတဲ့အချိန်ဖြစ်နေတာမို့အကြင်နာလိုက်သွားတာမသိလိုက်ပေ။အိမ်ပြန်ရောက်ပြီဆိုရင်ပဲ,အကြင်နာ့နောက်တစ်ကောက်ကောက်လိုက်ပြီးမေးနေတာဖြစ်၏။

"ငါလည်းယောင်လည်လည်နဲ့လိုက်သွားရတာပဲ။ကိစ္စတွေကဒီလို ဖူးငုံရ....

ဖူးငုံကိုကိစ္စအလုံးစုံပြောပြလိုက်တော့ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်သည်။

"အဲ့တော့နင်ဘယ်လိုလုပ်မှာလဲ။သူပြောသလိုအန်တီမေ့ကိုသွားကူညီမှာလား"

"ကူတာကကူညီချင်ပါတယ်။ဒါပေမဲ့ကိုကို့အိမ်မှာတော့သွားမနေချင်ဘူးလေ။နင်သိရဲ့သားနဲ့"

"ဒါအခွင့်ရေးဖြစ်နိုင်တာပဲ။သူ့ကိုနင်အနီးကပ်လေ့လာလို့ရတာပေါ့။နင့်အပေါ်သူဘယ်လိုသဘောထားလဲနင်လည်းသိချင်နေတာပဲလေ။အရမ်းအတွေးတွေများမနေပါနဲ့။သူဒီနေ့လုပ်သွားတဲ့ပုံနဲ့အလုပ်မှာလည်းတီးတိုးအပြောခံနေရမှာ"

"ငါမကြိုက်တာအဲ့ဒါတွေလေ။သူလုပ်ချင်တာပဲလုပ်နေတာ။ငါ့ဘက်ကိုလုံးဝမတွေးဘူး။အမြဲတစ်ဇွတ်ထိုးလုပ်နေတာ။ဝေးနေတာတောင်တွေ့တာနဲ့အသားယူနေတာ။တစ်အိမ်ထဲသာနေလို့ကတော့ကျားရှေ့မှောက်ယက်လဲဖြစ်နေမှာပေါ့"

"ဘယ်လိုအသားယူတာလဲ"

ရွှတ်နောက်နောက်ရုပ်နဲ့ပုခုံးချင်းတိုက်ပြီးမေးနေတဲ့ဖူးငုံကိုအကြင်နာဘုကြည့်ကြည့်လိုက်သည်။ပီတီတီမျက်နှာထားကအပိုးကိုမသေဘူး။မိန်းခလေးဖြစ်ပြီးမျက်နှာအရမ်းပြောင်တဲ့ဖူးငုံမ။

Love is born, because of you(Complete)Wo Geschichten leben. Entdecke jetzt