အပိုင်း - ၉၈ ( ရွှေမြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း )
( ဘဲကင် အရင်စားရမယ် )
ခဏကြာသော် ကျောက်ယွဲ့တစ်ယောက်တည်း အောက်ဆင်းလာရာ အားလုံးက တစ်ညီတစ်ညွှတ်တည်း ကြည့်လာကြ၏။
"အဟမ်း၊ ရှောင်လျို့ကျီရော"
ကျိုးဒင်ထျဲန်း မေးလာ၏။
"စိတ်ဆိုးနေတယ်ခင်ဗျာ"
"....."
သို့နှင့် လူကြီးမင်းကျိုးမှာ မတတ်သာတော့ဘဲ အပေါ်ထပ်သို့ တက်သွားရသည်။ ဤတစ်ကြိမ်တွင် တံခါးခေါက်ဖို့ မမေ့လျော့တော့ပါချေ။
စောင်ဖြင့်ရစ်ပတ်ထားလျက်ရှိသော ဝမ်းလျိုနျဲန်မှာ ကုတင်ေပါ်တွင်ထိုင်နေကာ ဘုန်းကြီးအိုတစ်ပါး တရားဘာဝနာစီးဖြန်းနေသည့်အလား နံရံဘက်သို့သာ မျက်နှာမူထား၏။
"ဘာလို့ ထမင်းလာမစားတာလဲ"
ကျိုးဒင်ထျဲန်းက အိပ်ရာဘေးနား ဝင်ထိုင်လိုက်၏။ ဝမ်းလျိုနျဲန်က နံရံဘက်သို့ ထပ်တိုးလိုက်ကာ စောင်ဖြင့်ပတ်ထားသည်မို့ လုံးလုံးလေး ဖြစ်နေ၏။
စကားပြန်မပြောနိုင်ပေါင်!!!!!
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒီတစ်ခါ ဖေဖေ့အမှားပါကွာ၊ ကိုယ့်အမှားကိုကိုယ် ဝန်ခံပါတယ်နော်လို့"
ကျိုးဒင်ထျဲန်းက လက်မြှောက်အရှုံးပေးလိုက်ရ၏။
"ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ဘူးနော်!!!!"
ဝမ်းလျိုနျဲန်က သူ့အား စိတ်ဆိုးမာန်ဆိုး ကြည့်လာ၏။
"ကျွန်တော် အရွယ်ရောက်နေပြီ"
ဘာလို့ သူများအခန်းထဲ ဗြုန်းစားကြီး ဝင်ဝင်လာရတာလဲ။
"အင်း၊ ဘယ်ကနေဘယ်လို အရွယ်
်ရောက်သွားတာလဲ မသိပါဘူးကွာ"ကျိုးဒင်ထျဲန်းက သူ့အားကြည့်ပြီး သက်ပြင်းချလာသည်။ ဝမ်းလျိုနျဲန်မှာ ခေတ္တမျှ အံ့အားသင့်သွား၏။
အရွယ်ရောက်တာ မကောင်းလို့လား။
"မင်း ငယ်ငယ်တုန်းကဆို အရမ်းလိမ္မာပြီး ဖြူစင်ရိုးသားတယ်။ နေ့တိုင်းနေ့တိုင်း အဖေ့ပပခုံးပေါ်တက်စီးပြီး စျေးအတူသွားကြတယ်။ ထန်ဟူလုတစ်ချောင်း ဝယ်ပေးလိုက်ရင် မင်း တစ်နေကုန် ပျော်နေတတ်ပြီ"
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...