မနက်စောစော အိပ်ယာ က ထလိုက်ပြီး ပျို ရေမိုးချိုးလိုက်တယ်
ပျို တို့ နေရာ နဲ့ အလုပ်သွားရမယ့် အိမ် နဲ့ က ၄၅ မီးနစ်တော့ ကားစီးရတယ်လေ" သမီး ပျို ပြီးပြီလား "
" ဟုတ် ပြီးပြီ မေမေ "
" အေးအေး သွားခါနီး ဘုရားရှိခိုးသွားနော် သမီး ပျို "
" ဟုတ်မေမေ " ပျို လဲ မေမေ့ကို ပြောကာ အဝတ်စားဝတ်လိုက်ပြီး ဘုရားရှိခိုးပြီးနောက်
" မေမေ ပျို သွားပြီနော်"
" အေးအေး......" ပျို လဲ ကားဂိတ်ကို လျောက်လာလိုက်ပြီး တက္ကစီ ငှား ကာ ဆူးပန်းကုဋေ တို့ လိပ်စာအတိုင်း လာခဲ့လိုက်တယ် အိမ်ယာ ရှေ့ရောက်တော့
" ရပြီ ဦးလေး ဒီမှာ ပဲ ချပေးနော် " ပျိုလဲ ပြောပြီး ကားပေါ်ကဆင်းလိုက်တယ်
အိမ်ယာထဲ ကို လျောက်လာလိုက်ပြီး ဆူးပန်းကုဋေ တို့ အိမ်ရှေ့ရောက်တော့ ပျို လဲ လူခေါ် ဘဲလ် လေး ကို နှိပ်လိုက်တော့ အိမ်ထဲက နေ အန်တီတစ်ယောက် ထွက်လာကာ
" ဘယ်သူ နဲ့ တွေ့ချင်လို့လဲကွဲ့ "
" ဟို ပျို က မဆူးပန်းကုဋေ ဆီ မှာ အလုပ်လျောက်ထားတာပါ ဒီနေ့ အလုပ်စဆင်းရမယ်ဆိုလို့ ပါ "
" အော် သမီး ကုဋေ ရဲ့ Manager ဆိုတာနဲ့ တူတယ် လာလာ အိမ်ထဲဝင်" ပျို လဲ အိမ်ထဲလိုက်ဝင်လာပြီး ( ဆူးပန်းကုဋေ ရဲ့ အမေ နဲ့ တူတယ်) ဟု တွေးမိလိုက်သေးတယ်
အိမ်ထဲရောက်တော့
" ကုဋေ နဲ့ နန္ဒီ ဒီမှာ သမီးတို့ အလုပ်ခေါ်ထားတယ်ဆိုတဲ့တစ်ယောက်လား ရောက်နေပြီ "" ဟုတ် မေမေ လာပြီ " အသံနဲ့ မဆူးပန်းနန္ဒီ က ဧည့်ခန်းသို့ ရောက်လာတယ် ပျို့ ကို တွေ့တော့
" မင်း ရောက်ပြီလား "
" ဟုတ် "
" အခုလောလောဆယ် ရှူတင် တွေ မရှိတဲ့ အတွက် မင်းမှာ ထွေထွေထူးထူးတော့ လုပ်ဖို့သိပ်မရှိသေးပါဘူး ကုဋေ နဲ့ ပတ်သတ်ပြီးတော့ပဲ လေ့လာပေါ့"
" ဟုတ် မဆူးပန်းနန္ဒီ " ပျို့ စကားကြောင့် တစ်ဖက်သူမှာ ပြုံးသွားပြီး
YOU ARE READING
မြေခခဲ့ရသောအသည်းပန်း
Açãoမာနခဲမင်းသမီးလေးနဲ့မန်နေဂျာမလေး တို့ရဲ့ အနေနီးစပ်တဲ့အချစ်ဇာတ်လမ်းလေး အခက်ခဲတွေကြားက ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဖတ်ရှူးပေးကြပါဦး