ပျို လဲ Mail. တွေ စစ်ပြီးသွားမို့ လက်တော့ပ်ကို ပိတ်လိုက်ပြီး
မမ ဘက်ကိုလှည့်ကြည့်လိုက်တော့ မမ က ဖုန်းလေး ရင်ဘက်ပေါ်တင်ပြီး အိပ်ပျော်နေလေ ရဲ့ ဖုန်းက Screen မပိတ်ထားတာကြောင့် ဖုန်းကို ယူလိုက်ပြီး ဘေးမှာ ချထားပေးလိုက်တယ် ပြီးတော့ အိပ်ပျော်နေတဲ့မျက်နှာလေးကို အပေါ်ကနေ ငုံ့ပြီးကြည့်လိုက်မိတယ်(လှလိုက်တာ မမ ရယ် မင်းသမီးလို့ ပြောစရာမလိုလောက်အောင် ကို လှတာ ခွဲစိတ်ပြုပြင်ထားခြင်း မရှိပဲ လုံးနေတဲ့ နှာတံလေးရယ် ကော့နေအောင် ရိတ်ချထားတဲ့ မျက်ခုံးမွှေးလေးတွေကော့စင်းနေတဲ့ မျက်တောင်မွှေးလေးတွေ ဒီကြားထဲပါးမှာ စံပယ်မှဲ့ ရေးရေးလေးက ပါနေသေးတယ် မလှဘူးလို့ ပြောလောက်မယ့် နေရာကို မရှိတော့ဘူး) ပျိုလဲ အကြည့်လွှဲလိုက်ပြီး မမ ရဲ့ အဝတ် ဗီဒို ကို ဖွင့်ကာ မနက်ဖြန်ညနေ Miss Show ပွဲတက်ရန်အတွက် နို့စိမ်းရောင် ဝတ်စုံလေးကို ထုတ်လိုက်တယ်
Miss Show ဆိုတော့ အပေါ်က ကုဒ် ကလေး ရယ် အောက်က ကြိုးတစ်လုံးအင်္ကျီလေ ရယ် ဘောင်းဘီတိုလေးရယ်ဆို အဆင်ပြေလောက်မှာပါ ပျို လဲ အင်္ကျီထုတ်ပြီးတော့ အပြင်ထွက်လာပြီးအောက်သို့ ဆင်းကာ ဖိနပ်ဗီဒို ဆီ သွားပြီး ခြေသလုံးတစ်ဝက်လောက်ရှိတဲ့ လည်သာရှူးဖိနပ်လေးကို ထုတ်လိုက်တယ်... ထိုအချိန်မှာ မမနန္ဒီ က အနားရောက်လာပြီး
" ပျို ဘာတွေ လုပ်နေတာလဲ "
"မမကုဋေ က မနက်ဖြန် Miss Show အတွက် ဝတ်စုံ စီစဥ်ထားပေးပြောလို့ "
" အယ် ပွဲ က မနက်မှလေ မနက်မှလုပ်လဲ ရတာ ကို "
" မသိတော့ပါဘူး မမ ရယ် ပျို က အခုမှ အလုပ်စဝင်တာဆိုတော့ အဆင်မပြေမှာစိတ်ပူလို့နေမယ် "
" မမ အခုဘာလုပ်နေလဲ "
" အိပ်ပျော်နေတယ် မမ "
" အေး..အေး မမ အိပ်နေတုန်း ပျိုလဲ နားချင်နားလေ "
" ဟုတ်ကဲ့ပါ မမ" ပျိုလဲ မမနန္ဒီ ကို ပြောပြီး ရွေးထားတဲ့ ဖိနပ်လေးကို ဗီဒို ဒေါင့်ဘေးနားလေးကပ် ကာ အပေါ်သို့ ပြန်တက်ခဲ့ ပြီး မမကုဋေ ရဲ့ အခန်းထဲဝင်လိုက်တော့
YOU ARE READING
မြေခခဲ့ရသောအသည်းပန်း
Боевикမာနခဲမင်းသမီးလေးနဲ့မန်နေဂျာမလေး တို့ရဲ့ အနေနီးစပ်တဲ့အချစ်ဇာတ်လမ်းလေး အခက်ခဲတွေကြားက ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဖတ်ရှူးပေးကြပါဦး