ရှက်ပြီး ခေါင်းလေးငုံ့သွားတဲ့ ကလေးကို ကုဋေ အသည်းယားလိုက်တာ တကယ်ဆို ကလေးမနိုးခင်ထဲက ကုဋေ နိုးနေတာဖြစ်သည်။ ကလေးရဲ့ မျက်နှာလေးကိုစိုက်ကြည့်ပြီး နိုးသွားမှာ စိုးလို့ အသက်တောင်ရဲရဲ မရှူရဲ ။ ကလေးမျက်လုံးလေး ပွင့်လာမှ ကုဋေ အိပ်ချင်ယောင်ဆောင်နေတာ ဖြစ်သည်။
ကုဋေ လဲ ကလေး မျက်နှာလေးကို ငုံကြည့်ပြီး အမည်မသိတဲ့ စိတ်ရိုင်းတွေကို မနည်းတွန်းလှန်နေရတာ ကလေးကတော့ ကုဋေ့ ပြောလိုက်တာကြောင့် ခေါင်းလေးငုံ့ပြီး ငြိမ်ငြိမ်လေး ကွေးနေလေတယ်
ကုဋေ လဲ ထိန်းထားတဲ့ စိတ်တွေ ကို ဖြေလျော့လိုက်ပြီး ကလေးရဲ့ ခေါင်းအောက်ကို လက်မောင်းလေး ထိုးသွင်းလိုက်ကာ ရင်ခွင်ထဲ ဆွဲထည့်လိုက်သည် ။
" ဟင် " လန့်သွားတဲ့ ပုံစံလေးနဲ့ ကုဋေ့ ကို မော့ကြည့်လာတာမို့
" ငြိမ်ငြိမ်နေ အေးနေတယ်မို့လား တို့က air - con လျော့ရင် မအိပ်တက်ဘူး " အကြောင်းပြလိုက်ပြီး ကလေးကို ရင်ခွင်ထဲ တင်းကြပ်စွာဖက်ထားလိုက်တယ်
တဒုတ်ဒုတ် ခုန်နေတဲ့ ကလေးရဲ့ ရင်ခုန်သံတွေကို သတိထားလိုက်မိတော့
" ခွန်း " ကုဋေ ရဲ့ ခေါ်သံ ကို ကလေးက အံသြတကြီးမော့ကြည့်ပြီး
" ရှင် "
" ရင်ခုန်နေတာလား "
" အို....ဘာတွေ မေးနေတာလဲ " ကလေးက ရှက်ပြီး ရင်ခွင်ထဲကနေ အတင်းရုန်းတော့သည် ။ ကုဋေ လဲ မလွှတ်ပေးပဲ တင်းကြပ်စွာ ဖက်ထားလိုက်သည်။
" မလှုပ်နဲ့ ငြိမ်ငြိမ်နေ " အသံမာမာလေး နဲ့ ကုဋေ က ဟောက်လိုက်တော့ ငြိမ်သွားရှာပြန်တယ် ။ အသည်းယားတာမို့ နဖူးလေးကို စိတ်မထိန်းနိုင်စွာ နမ်းလိုက်မိတော့တယ်
" အို ....မမ "
" ငြိမ်ငြိမ်နေကွာ " ကလေး က ကုဋေ ပြောလိုက်တိုင်း ငြိမ်သွားရှာတယ်
"ခွန်း "
" ရှင် "
" မ ကို အဲ့လောက်ကြောက်တာလား "
" ဟင် " ကလေးဆီက ဖြေသံကိုမကြားရတော့
" ဖြေလေ "
YOU ARE READING
မြေခခဲ့ရသောအသည်းပန်း
Actionမာနခဲမင်းသမီးလေးနဲ့မန်နေဂျာမလေး တို့ရဲ့ အနေနီးစပ်တဲ့အချစ်ဇာတ်လမ်းလေး အခက်ခဲတွေကြားက ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဖတ်ရှူးပေးကြပါဦး