အပိုင်း ၃၁

3.1K 133 0
                                    

ပျို နဲ့ မ အဆက်သွယ်မရပဲဝေးခဲ့ရတာ ဒီနေ့ဆို သုံးရက်ပြည့်ခဲ့ပြီ
မေမေ က ပျို့ကို အိမ်ထဲကအိမ်ပြင်လုံးဝပေးမထွက်တဲ့ အပြင် ပျို့ဖုန်းကိုလဲ ပြန်မပေးခဲ့ပေ

ဒီနေ့ တော့ ပျို ရေမိုးချိုး သနပ်ခါးလူးပြီး အရင်ရက်ကနဲ့ မတူအောင် အဝတ်စားသစ်တွေပါ ထုတ်ဝတ်လိုက်တယ် နှုတ်ခမ်းနီကိုလဲ ခါတိုင်းထက်ပိုပြီး ရဲရဲလေးဆိုးလိုက်တယ်

ပြီးတော့ မေမေ ထိုင်နေတဲ့နားသွားပြီး

" မေမေ " ပျို ခေါ်လိုက်တော့မေမေက လှည့်ကြီးပြီး

" ပြော ဘာလဲ " မေမေ က ပြောပြီးမှ ပျို့ မျက်နှာကိုမြင်လိုက်တော့ အံသြသွားတဲ့ မျက်လုံးတွေနဲ့ ကြည့်လာသည်

" မေမေ ပျို့ကို ဖုန်းလေးခဏလောက်ပေးပါ "

" ဘာကိစ္စလဲ " ပျို လဲ အရဲစွန့်လိုက်ပြီး

" ပျို မ ကို နောက်ဆုံးအနေ နဲ့ ဖုန်းဆက်ပြီးနှုတ်ဆက်ချင်လို့ပါ မေမေ နောက်ကိုဘယ်တော့မှ မဆက်တော့ပါဘူးလို့ ပျို ကတိပေးပါတယ် "

" သေချာလား " မေမေ့ရဲ့ အမေးကို ပျို ခေါင်းညိမ့်ပြလိုက်သည်

( သေချာတာပေါ့ မေမေ နောက်ကို မေမေကဆက်ပါလို့ပြောရင်တောင် ပျို မဆက်တော့ပါဘူး)

" ရော့ " နှုတ်ဆက်မယ်ဆိုလို့ ထင်ပါရဲ့ မေမေ က ပျို့ကို ဖုန်းလေးယူလာပြီးပေးရှာတယ်

ပျို လဲ ဖုန်းကိုယူပြီး စက်ကိုဖွင့်လိုက်ရင်း အခန်းထဲ ပြန်ဝင်လာလိုက်တယ် စက်ပွင့်သွားတော့ မ ရဲ့ Miss call လေးတွေက တန်းစီဝင်လာတာ မနည်းပေ

ပျို လဲ မ ရဲ့ ဖုန်းလေးကို ချက်ချင်းခေါ်လိုက်တယ် ဖုန်းက ဝင်သွားပြီး သိပ်မကြာဘူး

" ဟဲလို ကလေးလားဟင် " တိုးလျလှ တဲ့ မရဲတရဲအသံလေး ဝဲတက်လာတဲ့ မျက်ရည်စကို သုတ်လိုက်ပြီး

" ဟုတ်ပါတယ် မ နေကောင်းရဲ့လားဟင် "

" ကောင်းပါတယ် ကလေး ရော နေကောင်းရဲ့လားဟင် အဆင်ရောပြေရဲ့လား လွမ်းလိုက်တာကလေးရယ် " မ ရဲ့ ပြောစကားကြောင့် မျက်ရည်တွေ စီးကျလာခဲ့တယ်

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now