သို့...

5 0 0
                                    

ကိုယ်အဆင်မပြေလို့ အခြားသူကို အကူအညီတောင်းကြည့်တယ် ...
တချို့ သူတွေက ကူညီဖို့ အဆင်မပြေ နိုင်ဘူး
အဲ့လိုနဲ့နောက်ထပ် နောက်ထပ်သော သူတွေကို အကူအညီ ထပ်တောင်းမိပြန်တယ်
သူတို့လည်း မကူညီနိုင်ကြပြန်ဘူး ...
နောက်ဆုံး အကူအညီ တောင်းရင်းတောင်းရင်း ကိုယ့်အနားမှာ ကိုယ်ကိုတိုင်က လွဲပြီး အခြားသူမရှိတာ တွေ့ရတယ် ...

အကူအညီရလို့ အဆင်ပြေသွားတယ်ဆိုတာ
ခပ်ရှားရှားရယ်ပါ ... ကိုယ့်အခက်အခဲတွေသာဘဲ လူတချို့သိသွားကြတာဘဲ အဖက်တင်တယ်
အဆင်မပြေမှုတွေဘဲ ကိုယ့်ဆီပြန်လာတယ်...

ဒီလိုပါဘဲ လောကကြီးမှာ ကောင်းသည် ဆိုးသည် ကိုလည်း ကိုယ်ကိုတိုင်ဖန်တီးခြင်းဖြစ်သလို အခက်အခဲနဲ့ အဆင်မပြေမှုတွေကိုလည်း
ကိုယ်ကိုတိုင်ဘဲ ဖြေရှင်းရခြင်းမျိုးပါ ...

ကိုယ်မှကြံ့ခိုင်မှုမရှိရင် ကိုယ့်ရဲ့ဝေဒနာကို လက်လွှဲပြောင်းရယူဖို့ ဘယ်သူကမှ မအားနေကြပါဘူး... အခက်အခဲဆိုတာ ရှိမှာဘဲ ဒါပေမယ့် ကိုယ့်အနားမှာတော့်ကိုယ်ကလွဲပြီး အခြား ဘယ်သူမှမရှိဘူး ...ရှိပြီထားဦး အဲ့ဒီရှိတဲ့သူက ကိုယ့်ရဲ့ ဒုက္ခတွေ အခက်အခဲတွေ အဆင်မပြေမှုတွေကို တာရှည်ထမ်းပိုးနိုင်ပ့မလား သူ့မှာ
လည်း သူ့အခက်အခဲတွေ အဆင်မပြေမှုတွေ ဆိုတာရှိနေမှာဘဲ ဘာလို့လဲဆိုတော့် လူဖြစ်နေလို့ဘဲ ...

အက်လိုအချိန်မှာ ဟာ..ဒီလူကတော့်
ငါ့အပေါ်မကောင်းလိုက်တာ ငါ့ကို
ကိုယ်ချင်းမစာပေးဘူး အေးလေ..
သူမှမဖြစ်ဘူးတာ စသည်စသည်ဖြင့် ကို့စိတ်ထဲကို နောက်ထပ်စိတ်ပိုင်းဆိုင်ရာခံစားမှုတွေပါတိုးလာရင် ကိုယ့်အခက်အခဲထဲမှာ နောက်ထပ် အလေးချိန်တွေပိုတိုးလာမှာပေါ့...

အခက်အခဲနဲ့ပြဿနာဆိုတာ မလိုချင်လို့ မရတဲ့ အရာမဟုတ်တော့် ကိုယ်မလိုချင်ပါဘူးထိုင်အော်နေပေမယ့် ကိုယ့်ဆီကိုဘဲ အဲဒီအခက်အခဲနဲ့ ပြဿနာတွေက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာမှာဘဲ ... အက်တော့် မလိုချင်ပါဘူးလို့ ထိုင်အော်နေမယ့်အစား ရောက်လာမယ့်အခက်အခဲနဲ့ပြဿနာတွေကို ဘယ်လို ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားရမလဲ ဆိုပြီး ကိုယ့်ကိုကိုယ် စိတ်ဓာတ်ကိုမာကျောအောင်နေ့စဉ်နဲ့အမျှပြင်ဆင်နေဖို့လိုတယ် ..

ကိုယ့်အခက်အခဲကိုယ်နားလည်လာတဲ့နောက်ပိုင်း ဘယ်သူ့ဆီကိုမှ အလျှင်စလို အကူအညီမတောင်းမိတော့်ဘူး...

ကိုယ့်ရဲ့ခံစားချက်တွေကို ရှေ့တန်းတင်ပြီး အခြားသူရဲ့ အခက်အခဲကို မျက်နှာလွှဲပြီးလည်း ရင်မဖွင့်ချင်တော့်ဘူး ...

အဆင်မပြေမှုတွေ ကြုံလာတိုင်း ကိုယ့်နေရာမှာ ကိုယ်ဘဲရှိတယ်ဆိုတဲ့ စိတ်နဲ့ ရောက်လာတဲ့အခက်အခဲတွေကို ပြုံးပြုံးလေး ကျော်လွှားနိုင်လာတယ်...

ကူညီမလိုနဲ့ မျက်ကွယ်မှာ မကောင်းပြောတတ်တဲ့ လူတွေထဲက လူတွေရဲ့ စိတ်ကို နားလည်တတ်လာတယ် ...

ကူညီခဲ့ပေမယ့် ကိုယ်နဲ့အဆင်မပြေတဲ့ အချိန်မှာ
အောက်ဖဲလှန်တတ်တဲ့ လူတွေကိုလည်း ရှောင်တိမ်းတတ်လာတယ်...

ကိုယ့်အခက်အခဲဘဲ တစ်လောကလုံးမှာ ကြီးမားနေတယ်လို့ လည်း ငါစွဲစိတ်ကြီးနဲ့ သူတစ်ပါးကို အပူတွေမပေးမိတော့်ဘူး...

ကိုယ့်ကိုအကူအညီမပေးနိုင်လောက်ဘူး ထင်ပြီး တောင်းကြည့်တယ် ...ဒါပေမယ့် လက်တွေ့မှာကျတော့် ကိုယ်မထင်ထားလောက်အောင် ကူညီပေးတတ်တဲ့ မွန်မြတ်တဲ့စိတ်ထားနဲ့ သူတွေကိုလည်း လေးစားတတ်လာခဲ့တယ်....

လူတိုင်းလူတိုင်း ကိုယ့်အခက်အခဲနဲ့ကိုယ်
နေ့တိုင်းကိုယ်လုံးပန်းနေရတာ..
သူတို့အခက်အခဲတွေဖြေရှင်းနေတာ လူသိတာနဲ့လူမသိတာဘဲကွာသွားတာ...နေ့စဉ်ဖြေရှင်းနေရတာပါ..

ဒါကြောင့် စိတ်လေးကိုသန့်စင်အောင်ပြင်ဆင်ပြီး ရောက်လာမယ့် အခက်အခဲများအား တည်ငြိမ်စွာရင်ဆိုင်ကျော်လွှား နိုင်ကြပါစေ။

မေတ္တာဖြင့်.......

#မောင်🍁

You've reached the end of published parts.

⏰ Last updated: Feb 07, 2023 ⏰

Add this story to your Library to get notified about new parts!

သို့Where stories live. Discover now