အပိုင်း၄၃(Unicode)

199 4 4
                                    

"သခင်လေး အကုန် အဆင်သင့် ဖြစ်နေပါပြီ"

မနက် 3နာရီကျော် နက်ရဲ့ဖုန်းထဲဝင်လာတဲ့စာလေးတစ်စောင်။

"ကလေးငယ် မောင် ဒီလိုလုပ်လို့ စိတ်မဆိုးပါနဲ့"

သူ့ရဲ့ဘေးတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ကလေးငယ်ကို ပွေ့ချီကာ အိမ်အောက်ထပ်ဆင်းလာခဲ့တော့ အတွင်းရေးမှူး Ray က အဆင့်သင့်စောင့်နေတာ တွေ့ရတော့သည်။

"သခင်လေး အဆင်ပြေရဲ့လား"

"အင်း ရတယ်"

ပွေ့ချီထားရက်နဲ့ပင် Ray ဖွင့်ပေးတဲ့ ကားပေါ် တက်လိုက်ပြီးနောက် လေယာဥ်ကွင်းဆီသို့။

လေယာဥ်ပေါ်ရောက်တော့လည်း နားဖို့သီးသန့်လုပ်ပေးထားသော အခန်းထဲတွင် အိပ်ပျော်နေတဲ့ချစ်ရသူကို သက်သောင့်သက်သာအိပ်စေပြီး နက်ကတော့ အခန်းထဲက ခနထွက်လာခဲ့၏။

"ငါလုပ်ခိုင်းတာတွေ အဆင်ပြေရဲ့လား"

"သခင်လေး စီစဥ်ခိုင်းသလိုပါပဲ"

"အင်း ဒါဆိုရင် မင်းခန နားလိုက်အုံး"

"ဟုတ် သခင်လေး"

Rayကို ပြောစရာရှိတာပြောပြီး အခန်းထဲကို ပြန်ဝင်လာကာ ကလေးငယ်ရဲ့ဘေးကို ဝင်လှဲလိုက်တော့ ရင်ခွင်ထဲတိုးဝင်လာသော သူ့လေးကို ပြန်ပွေ့ဖက်လိုက်မိ၏။

*ခင်ဗျားဆန္ဒတွေကို ဒီကောင်က ရအောင် ဖြည့်ဆည်းပေးမှမလို့ ခင်ဗျားလေး ပျော်ရွှင်ဖို့ပဲ အဓိက*

ရင်ခွင်ထဲက အနွေးဓာတ်လေးကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။

အရင်နေ့တွေလို မဟုတ်ဘဲ အိပ်ရာထနောက်ကျနေသော လွမ်းတစ်ယောက် အိပ်ရာပေါ်က ဆင်းမယ်အလုပ် အခန်းပတ်ဝန်းကျင်ကို ကြည့်မိတော့ သူနဲ့မောင်ရဲ့အခန်းမဟုတ်တာ သတိထားမိသောအခါ....

"ဟင်"

ဒါက မောင်နဲ့သူရဲ့အခန်းမဟုတ်တာ လွမ်း ဘယ်ရောက်နေတာပါလိမ့်။

"မောင်ကရော"

အိပ်ရာပေါ်ပြန်ကြည့်တော့လည်း အရင်တုန်းက လွမ်း နဲ့ အတူတူထတတ်တဲ့ မောင်မရှိသည့်အပြင် သူ့မသိတဲ့အခန်းပတ်ဝန်းကျင်ရောက်နေတဲ့ လွမ်းတစ်ယောက် ဝမ်းနည်းလာရသည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Tempat cerita menjadi hidup. Temukan sekarang