part 35

181 4 1
                                    

cခင်ဗျားကြီးကို...မချစ်ဘူး
part 35


အချိန်တွေကကုန်လွယ်လွန်းလှသည်လို့kitပြောခဲ့ဘူးသလိုတစ်ကယ်လည်းအချိန်ကုန်မြန်ခဲ့ပါသည်။အခုဆိုkitဗိုက်ထဲကသေးသေးလေး....အဲလေ....သေးသေးလေးမဟုတ်တော့ဘူး...ပူတူးလေးဖြစ်သွားပြီ...။၆လတောင်ကျော်လာပြီမို့ဗိုက်လည်းအတော်လုံးနေပြီ..။ဖရဲသီးတစ်လုံးဗိုက်ကပ်ထားသလိုခံစားချက်နဲ့ထိုင်ရင်တောင်ကော့ပဲ့ပဲ့ကိုဖြစ်လို့....။ဖရဲသီးဆိုလည်းခွဲစားပစ်လိုက်တယ်....။ဒါလေးကတော့...dady singtoနဲ့တစ်အိမ်လုံး၏အသည်းနှလုံးလေးဆိုတော့ကိုယ့်မှာလည်းတယုတယ...ချစ်လိုက်ရတာလည်းတုန်လို့.....။kitမှာတော့ဒီဖရဲသီးလေးပူလာလေအိမ်တွင်းပုံးရလေနဲ့ဒီဖရဲသီးပိုင်ရှင်ကတော့ဆေးရုံမှာတောင်ဇယားကရှပ်ချင်နေသေးသည်။အဲ့တာကြောင့်ဒီနေ့အာထရာဆောင်းရိုက်မှာကိုလုံးဝမရိုက်ဘဲအိမ်ပဲပြန်လာခဲ့လိုက်သည်။

"kitလေး......p ပွေ့ရမလား......"

"ဟင့်......."

စံအိမ်ရှေ့ရောက်လို့ကားပင်ရပ်ထားပြီးပြီနှုတ်ခမ်းထော်ကာမျက်နှာထားကြီးတည်ထားသည့်ပါးပါးkitကဘာတွေကောက်တော်မူနေသည်မသိ။ပွေ့ရမလားဆိုတော့လည်းတစ်ခွန်းမှပြန်မပြော..ဟင့်..ဆိုပြီးမျက်စောင်းကြီးထိုးကာကားပေါ်ကဆင်းတော့သည်။

"kitလေး......"

"ဖယ်ပေး......."


ခါးလေးကော့ပဲ့ပဲ့နှင့်ကားပေါ်ကဆင်းလာသည်မို့လိုက်ထိန်းပေးဖို့လုပ်တော့ခပ်တည်တည်ကြီးပြန်စူးစိုက်ကြည့်လာသည်။ထိရဲထိကြည့်ဆိုသည့်ပုံမျိုး.....။


"kit....လဲသွားမယ်လေကွာ......"

"မထိနဲ့နော်......"

ကားပေါ်ကဆင်းပြီးထဲကလိုက်ထိန်းပေးချင်နေသည့်လူကြီးကိုခပ်စိမ်းစိမ်းကြည့်ပေးလိုက်တော့ထိတော့မထိရဲ...။ဘေးကနေလက်တကာကာနဲ့..။ကိုယ့်မှာလည်းပူတူးလေးကြောင့်လမ်းလျှောက်ရတာကအဆင်မပြေနဲ့လက်တစ်ဖက်ကခါးကိုထောက်ကာထိန်းနေရသေးသည်။ဆေးရုံသွားတာမို့ဝတ်သွားသည့်တီရှပ်ဆိုဒ်ပွကြီးကလည်းခပ်အုပ်အုပ်နှင့်မို့ဗိုလ်သီဘက်သီကိုဖြစ်လို့.....။

ခင်ဗျားကြီးကို...မချစ်ဘူး(u..z)Donde viven las historias. Descúbrelo ahora