34. အတိတ်နေ့ရက် တချို့

699 88 7
                                    

Unicode ver.....

34.အတိတ်နေ့ရက် တချို့

ညက သူဘယ်လို အိပ်ပျော်သွားသည်မသိ မနက်နိုးလာတော့ ခန္ဓာကိုယ်ပေါ် လွှမ်းခြုံနေတဲ့ အနွေးဓာတ်နဲ့ နှာဝကို လာကျီစယ်နေတဲ့  ချွင္းယိချောင်(လာဗင်ဒါ)ပန်းရနံ့စူးစူးလေးကြောင့် ဝမ်က နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးလေတော့သည်။

"ချွင်းယိချောင်" အဟင်း ဒီခရမ်းရောင်ပန်းကလေးရနံ့စူးစူးနဲ့ ဒီလူဟာလေ အားကိုးချင်စရာကြီး။ ဟွန့် ရင်အုပ်ကျယ်ကြီးက မွှေးနေတာပဲ။

ဝမ်တစ်ယောက် နာလေးတရှံ့ရှံ့နဲ့ သူ့ချစ်သူရင်ထဲ ပိုတိုးလို့ တိုးဝင်ပစ်လိုက်လေသည်။

ကျေးဇူးတော်တွေ၊ ငြိမ်သက်ခြင်းတွေ၊ ဆိတ်ငြိမ်ခြင်းတွေ၊ သန့်ရှင်းစင်ကယ်ခြင်းတွေ ဆိုတဲ့ ဂုဏ်ကျက်သရေတွေပြီးပြည့်စုံနေတဲ့ ကျွန်တော့်္ချစ်သူဟာ ချွင်းယိချောင် ပန်းရနံ့ခန္ဓာကိုယ် ပိုင်ဆိုင်ထားရတာက အဆန်းတော့မဟုတ်။ ကျွန်တော် သိပ်ချစ်ရတဲ့ ရှောင်းက အကောင္းတက အကောင်းနေရာမှာသာ ဇိမ်ခံဖို့သာ သင့်တော်တဲ့ တန်ခိုးရှင်ကလေး ဖြစ်တယ်။

မျက်နှာကလေး မဲ့လိုက် ပြုံးလိုက်နဲ့ သူ့ရင်အုပ်ကို ခဏခဏ ခိုးခိုးနမ်းနေတဲ့ ချစ်သူလေးကို ရှောင်းက အသည်းယားလာတာကြောင့် ရယ်သံနှောလေးက~~~~

"ကျွန်တော့်ရဲ့ ပန်းကလေး နိုးလာပြီလားဗျ"

"ရှောင္းနော် ဘယ်ကတည်းက နိုးနေတာလဲ"

သူ့ရင်အုပ်ကို ခေါင်းလေး တိုးဝေ့ပြီး မျက်လုံးမပွင့်တပွင့်လေးနဲ့ ဆိုလာတဲ့ ချစ်ရသူလေးကြောင့် ရှောင်းခင်မျာ မနေနိုင်စွာ ချစ်ရသူလေးရဲ့ နဖူးပြေပြေလေးကို ဖိနမ်းလိုက်လေတော့သည်။

"သခင္က ကျွန်တော့်ကို ဘယ်ကတည်းက မှတ်မိနေတာလဲဟင်"

"အဲဒါက ဟို ကျွန်တော် ပြောပြရင် ရှောင်းစိတ်ဆိုးမလားဟင်"

စိတ်ဆိုးမလားဟင် ဆိုပြီး မျက်နှာငယ္လေးနဲ့ လုပ်ပြနေတာလေးက ဘယ်လို ဘာလိမ့် သခင္က ကျွန်တော့်ကို အသည်းယားသေအောင် လုပ်နေတာပဲ။

"ဒီ ရှောင်းကျန့်ဆိုတဲ့ ကျွန်တော်က သခင့်ကို စိတ်ဆိုးမယ် ဆိုတာ ကမ္ဘာကြီး ပြိုပျက်သွားရင်တောင် ဖြစ်လာနိုင်မှာ မဟုတ်တာမို့ သခင့်အနေနဲ့ အဲ့အရာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူးဗျာ။"

Let me Cherish you, My Lord  (ZSWW) [complete]Donde viven las historias. Descúbrelo ahora