Story 21

2.2K 117 7
                                    

Unicode
.................

''ကိုစစ်...''

''အော်..လရောင်...ထိုင်လေ...ဘာကိစ္စရှိလို့လဲ''

''ကိစ္စရှိမှလာရမှာလား... ကိုစစ်ကလည်း''

''အင်း... ကိစ္စမရှိလည်း ပြန်တော့.. ကိုယ်မအားသေးဘူး''

''ဟွန့်... ကိုစစ်ကလည်း... ကျွန်တော့်ကို ဖိုးဖိုးက ဒါလေးပေးခိုင်းလို့ပါနော်''

လရိပ် သူ့အိတ်လေးထဲက စာအိတ်လေးနှစ်ခုကိုထုတ်ပြလာသည်။

''ကိုစစ်... ကျွန်တော်တို့ မင်္ဂလာဖိတ်စာ... ဘယ်ဟာရွေးရမှန်းမသိလို့... ကိုစစ်ကိုကူရွေးခိုင်းမလို့လေ''

မင်းစစ် တစ်ချက်သာ မော့ကြည့်လိုက်ပြီး ပြန်ငုံ့သွားသည်။

''မင်းအဆင်ပြေတာ ရွေးလိုက်ပေါ့''

''ကျွန်တော်မရွေးတတ်လို့ ရွေးခိုင်းတာလေဗျာ။ ပြီးတော့ ဒါက ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာဖိတ်စာလေးလေ''

လရောင်ချိုက ဝမ်းနည်းသွားဟန် ဆူပုတ်ပုတ်လေးဖြင့်ပြောလာသည်။ သူက ကလေးဆန်ဆန်နဲ့ အပြစ်ကင်းတဲ့မျက်နှာလေးကြောင့် မင်းစစ်လည်းအလျော့ပေးလိုက်ကာ....

''ရွှေရောင်လေးပဲ ရွေးလိုက်လေ''

''အင်း... ရွှေရောင်လေးလား''

''အွန်း''

''ရွှေရောင်လေးလည်း လှတာပဲနော်... ကျွန်တော်တို့နှစ်ယောက်က ဖူးစာပါပုံရတယ်နော်။ နှစ်ဖက်မိသားစုလည်း ပူးပေါင်းဖြစ်... ဆွေကြီးမျိုးကြီးတွေပဲဆိုတော့လေ... ရွှေရွှေချင်းထပ် မြတ်တယ်ဆိုသလိုပဲနော်။ ရွှေရောင်လေးက ကျွန်တော်တို့နှစ်ယောက်နဲ့ ဆင်တူသားပဲ''

ဟု ပျော်ရွှင်မြူးတူးစွာဖြင့် လရောင်ကဆိုလာသည်။ မင်းစစ်ကတော့ လရောင်ရဲ့စကားအသွားအလာကို သိပ်တော့ဘဝင်မကျပေမဲ့ ဘာမှတော့ထပ်မပြောလာ။

''ကိုစစ်...အလုပ်ပြီးရင်လေ ကျွန်တော်တို့နှစ်ယောက်အတွက် မင်္ဂလာဝတ်စုံလေး သွားဝတ်ကြည့်ရအောင်နော်''

''အင်း...''

''ကိုစစ်... ဟန်းနီးမွန်းကိုလေ ဘယ်ကိုသွားချင်လဲဟင်... ဘိုးဘိုးကတော့ သူစီစဥ်ပေးမယ်ပြောတယ်... ကိုစစ်သွားချင်တဲ့နေရာမျိုးရှိလား။ ကျွန်တော်ကတော့ Bနိုင်ငံကနေရာတစ်နေရာမျိုးကို သွားချင်မိတယ်။ ကိုစစ်သဘောကကော??''

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedHikayelerin yaşadığı yer. Şimdi keşfedin