ㅤㅤㅤㅤㅤㅤㅤㅤㅤㅤ
ㅤㅤㅤㅤㅤㅤㅤㅤㅤㅤ" ကောင်လေး..မင်းအဆင်ပြေရဲ့လား "
ဂျယ်ယွန်းအသံလာရာကို မော့ကြည့်လိုက်သည်။
အလင်းရောင်ကို နောက်ခံယူ၍ အလွန်ချောမောသော မျက်နှာ တစ်စုံကို တွေ့လိုက်ရသည်။" ကောင်လေး..? "
" ဟင်..ဗျာ "
အဲ့ဒီလူက သူ့ကိုမျက်မှောင်ကြုတ်ကြည့်ပြီး တစ်ခုခုထပ်ပြောဖို့ သူ့နှုတ်ခမ်းတွေကိုလှုပ်ရှားလိုက်ချိန် နောက်ထပ် လူတစ်ယောက်ရဲ့ စကားသံက ထွက်ပေါ်လာသည်။
" ဂျေး..မင်းဘာလုပ်နေတာလဲ "
ထိုလူ့နာမည် ဂျေးဖြစ်သည်။ ဂျေး၏ဘေးတွင် လာရပ်သောသူ့ကို ဂျယ်ယွန်းကြည့်လိုက်သည့်အခါ ကြက်သီးများထသွားပြီး လေအေးဖြတ်တိုက်ခံရသလို ခံစားရသည်။
ငွေရောင်ဆံနွယ်တွေနဲ့ ထိုလူက ချောမောသည့်မျက်နှာနဲ့မှမလိုက် မျက်လုံးတွေကအလွန်ကြောက်စရာကောင်းနေသည်။
ရုတ်တစ်ရက် အဲ့ဒီလူက သူ့ကိုကြည့်နေရင်းမှ လှောင်ရယ်သလို ဟက်ကနဲ ရီလိုက်၏။
" ဘန်..ကလေးကြောက်သွားလိမ့်မယ်လေ "
ဂျေးဆိုသော အမျိုးသား၏ ခပ်ချိုချိုအသံသည် ပြန်လည်ထွက်ပေါ်လာသည့်အခါ ထိုသူက ဂရုမစိုက်သလို ဘောင်းဘီ အိတ်ကပ်ထဲသို့ လက်ထည့်၍ မျက်လုံးလှန်လိုက်သည်။
" မင်းခေါ်သွားမှာလား.. "
ဂျယ်ယွန်း ကြောင်သွားသည်။ ခေါ်သွားမယ်? ဘယ်ကိုလဲ
ဂျယ်ယွန်း အတွေးထဲ တစ်ခုသည် ဖြတ်ကနဲ ဝင်လာသည်။
ပြန်ပေးဆွဲသမားတွေလား!!?
ဂျယ်ယွန်း ဂျေးကို ပြန်ကြည့်မိလိုက်တဲ့အခါ တွေးတောနေသယောင်..သို့မဟုတ် တစ်ခုခုကိုစစ်ဆေးနေသယောင်ပေါ်တဲ့ သူ့ကိုစူးစိုက်ကြည့်နေသော မျက်လုံးများနှင့်စုံသည်။
သူနဲ့မျက်လုံးချင်းစုံသွားတဲ့အခါ ဂျေးသည် အကြည့်တစ်ချက်တောင်မလွဲဘဲ " အင်း " ဖြေသံ သာပြုလိုက်သည်။
ဂျယ်ယွန်း အဲ့ဒီလူ၏ ညှို့ယူလွန်းတဲ့မျက်လုံးများနှင့် ရှောင်လိုက်ကာ အခုမှသတိပြန်ဝင်လာတဲ့သူလိုမျိုး စကားထပြောမိသည်။
YOU ARE READING
Death's Bride | 𝗃𝖺𝗒𝗄𝖾
Short StoryDouble J Commission Fic. • Dark Romance • Blood ⚠️ • bullying • s3xual scene