"ကိုလင်း..ဒီနေ့ကျွန်တော်မြို့တက်ဦးမယ်..ကျွန်တော်တို့စုထားတဲ့ ငွေနဲ့ ဆိုင်ကယ်လေးတစ်စီးဝယ်မလားလို့.."
လင်းထမင်းချက်နေသည်ကို 'သားအဖ'နှစ်ယောက်သား ဘေးမှ ထိုင်ကာ စကားများနေကြသည်။
"သဘော..ဆိုင်ကယ်ဝယ်မယ်ဆိုရင်လည်း ဆိုင်ကယ်အကြောင်း နားလည်တဲ့လူကို ခေါ်သွားဦး..ဟိုရောက်မှ ဂျင်းမိနေမယ်.."
"ဖေဖေ..ဖေဖေ.."
"ပြောသမီး.."
လင်းအား 'ဖေဖေ'ဟုခေါ်ပြီး အာကာမင်းမြတ်အား 'ဖေကြီး'ဟု ခေါ်သည်။
"ဂျင်းမိတယ်ဆိုတာ ဘာလဲဟင်.."
"ဂျင်းမိတယ်ဆိုတာ ဂျင်းမိတာပေါ့မိကျောင်းသမီးရဲ့.."(စကားများတယ်လို့ ပြောချင်တာပါ။)
အာကာမင်းမြတ်က ပြီတီတီဖြင့် သူ့သမီးအား စနေသည်။
"ဖေကြီးကလည်း..မီးမီးက မသိလို့မေးတာကို.."
ကြည်နူးကဗျာလေးသည် သူ၏ လက်ဆွဲတော်ဗိုလ်မရုပ်လေးအား ပိုက်ကာ ဆူပုတ်ပုတ်လုပ်နေသည်။
"ဂျင်းမိတယ်ဆိုတာ သူများလိမ်တာကို ခံရတာကို ပြောတာသမီးရဲ့..အဲ့တာကို ခေတ်စကားအနေနဲ့က ဂျင်းမိတယ်လို့သုံးတယ်..နားလည်ပြီလား.."
"ဟုတ်..ဖေကြီးမြို့ထဲသွားရင် မီးမီးလည်း လိုက်သွားချင်တယ်.."
"နေပူတယ်မီးမီးရဲ့..မလိုက်ရဘူး..ဖေကြီးသူ့ဘာသာသူသွားပစေ..ဖေကြီးမြို့ထဲသွားနေချိန် ဖေဖေတို့က ရီးရီးမြိုင်တို့စီမှာ ဇီးသီးသွားကောက်မယ်လေ.."
"လိုက်ချင်ပါတယ်ဆို.."
"မလိုက်ရဘူးလို့ ဖေဖေပြောနေတယ်လေ..ဖေဖေစိတ်မချဘူး..ညည်းအဖေက နမော်နမဲ့နဲ့..မြို့မှာ ညည်းကို ကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ.."
လင်းပြောလိုက်တော့မှ ဗိုလ်မရုပ်လေးအား ပိုက်ကာ ငြိမ်သွားသည်။
"ကိုလင်းကလည်း..ကလေးကို ဆူနေတယ်..လာသမီး..ဖေကြီးစီကို..သမီးလိုက်ချင်ရင် ဖေကြီးက ခေါ်မှာပေါ့.."
"အာကာမင်းမြတ်!"
"ကိုလင်းကလည်းဗျာ..ကလေးက လိုက်ချင်နေတာကို..စိတ်မချရင် ကိုလင်းပါလိုက်ခဲ့ချေ.."