အပိုင်း(၃၀)
သွင်တစ်ခေတ် အကိုနဲ့ ယောင်းမကိုနှုတ်ဆက်ပြီး ကြီးကြီးအိမ်သို့အငှားကားနဲ့ပြန်ခဲ့လိုက်သည်
အကိုနဲ့အတူရန်ကုန်ပြန်လိုက်မယ်ဆိုပေမယ့် ကြီးကြီးနေမကောင်းတာကြောင့်ခနပြုစုရန်ကျန်ခဲ့ရလေသည်
အိမ်ပြန်ရောက်ချိန်တွင် အိမ်ရှေ့တွင် ကားမဲကြီးတစ်စီးရပ်နေတာကိုတွေ့လိုက်ရသည် ခေတ်လည်း ကြီးကြီးဧည့်သည်ထင်ပြီး တက္ကစီခပေးကာ အိမ်ထဲဝင်တော့မည်အပြု ကားမှန်ချကာ သူမကိုလှမ်းခေါ်တဲ့ လူကြီးကြောင့် ကြည့်လိုက်ရာ အနောက်တွင်ကျက်သရေရှိလှတဲ့အမျိုးသမီးကြီးကိုတွေ့လိုက်ရသည်
မြင်လိုက်တည်းကခေတ်သိပါတယ် မမညှို့ရဲ့အဖွားဆိုတာ
ခေတ် တည်ငြိမ်စွာနဲ့ပဲပြုံးပြလိုက်သည်
"သမီး သူဌေးမက သမီးနဲ့စကားပြောချင်လို့တဲ့ သမီးအချိန်ခနပေးလို့ရမလား"
"ဟုတ် ရပါတယ် အိမ်ထဲကြွပါရှင့်"ခေတ်အိမ်ထဲသို့ခရီးဦးကြိုပြုလိုက်သည်အမျိုးသမီးကြီးလည်းဆင်းလာပြီး ခေတ်ခေါ်ရာသို့လိုက်ဝင်လာပြီး အိမ်ထဲကိုလည်းဟိုကြည့်သည်ကြည့်နှင့်ပင် ဧည့်ခန်းတွင်ထိုင်လိုက်ပြီးချိန်တွင်တော့
" ဘာသုံးဆောင်ဦးမလဲရှင့် "
"ဘာမှမလိုဘူး"လက်ကာပြကာပြောလိုက်သည်
"ဟုတ်ကဲ့ ဘာကိစ္စများ ခေတ်နဲ့ပြောချင်လို့ပါလဲရှင့်"
"မင်းက ငါ့မြေးနဲ့ချစ်သူတေဆို ငါ့မြေးသည်းသည်းလှုပ်ချစ်နေတဲ့မိန်းကလေးဟာဘလိုလူမျိုးလဲဆိုတာလာကြည့်တာ"
"ဟုတ်ကဲ့"ခေတ် ခေါင်းလေးငြိမ့်လျက်မျက်လွှာချကာပြောလိုက်သည်
"ဟင့်..ရုပ်ရည်လေးကတော့မဆိုးပါဘူး အရည်ချင်းကလည်းမဆိုးပါဘူး...ဒါမယ့် သာမာန်ပါပဲ ငါ့မြေးကဒီထက်တော်တဲ့လှတဲ့သူနဲ့မှ လိုက်ဖက်တာ"
"..."ခေတ်ခေါင်းလေးကိုအသာငုံ့ကာနားထောင်နေဆဲ စိတ်တေအရမ်းလှုပ်ရှားနေပေမယ့် အပြင်သို့မရောက်အောင်ထိန်းထားနေမိသည်
"ငါကငါ့မြေးကိုအများကြီးမှန်းထားတာ ငါ့ရဲ့ပိုင်ဆိုင်မှုတေအားလုံးကိုလည်း ငါ့မြေးကိုပေးထားပြီးသား သူကြိုက်သလိုသုံးနိုင်ဖြုန်းနိုင်တယ် အရင်ကလည်း သုံးခဲ့တယ် ဖြုန်းခဲ့တယ် ........ကဲပါကဲပါ ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး မင်းအတွက်နစ်နာကြေးဘလောက်ပေးရမလဲပြော"
"ရှင်."ထိုစကားကြောင့် သွင်တစ်ခေတ်အံ့ဩမိသည်အမှန်ပါ
"အဟက်! ဘာလို့လဲ မယုံတာလား ငါတကယ်မင်းကြိုက်တဲ့ပမာဏအတိုင်းပေးနိုင်ပါတယ် ပြောသာပြောလိုက် ပြီးရင်ငါ့မြေးနဲ့ဝေးဝေးမှာနေပေး "
ခေတ်သက်ပျင်းတစ်ချက်ချကာ မျက်လွှာချလိုက်ပြီး အမျိုးသမီးကြီးကိုသေချာစွာပြန်လည်စိုက်ကြည့်ရင်းတည်ကြည်စွာပြောလိုက်သည်
"အဖွားကျမကိုဘလိုလူစားများထင်နေလဲ ကျမကအဲ့ပိုက်ဆံတေနဲ့ဘာလုပ်ရမှာလဲ "
"ပိုက်ဆံမမက်ချင်ယောင်မဆောင်စမ်းပါနဲ့ ဒါငါကြားဖူးနေကြစကားလုံးတေပါ နင်ငါ့မြေးကို ပိုက်ဆံလိုချင်လို့ချဉ်းကပ်ခဲ့တာ မဟုတ်လား"
"မဟုတ်ဘူး ကျမ မမညှို့ကိုတကယ်ချစ်တာ မြတ်မြတ်နိုးနိုးနဲ့ကို ချစ်တာ "
"ဆိုတော့ကာ ပိုက်ဆံမမက်ဘူးပေါ့"
"မက်တာပေါ့ ပိုက်ဆံဆိုတာ second God ပဲဟာ လူတိုင်းမက်တာပဲလေဒါမယ့် ကျမ မက်တယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်အားကိုယ်ကိုးပြီးရိုးရိုးသားသားဖြူဖြူစင်စင်ရလာတဲ့ပိုက်ဆံကိုပဲ ကျမ မက်မောတာ နှလုံးသားနဲ့ရင်းပြီးရလာတဲ့ ပိုက်ဆံတေကို ကျမမလိုချင်ဘူး"
"ဒါဖြင့် ငါ့မြေးနဲ့ယူပြီးရလာတဲ့ဂုဏ်သိက္ခာတေနဲ့ စည်းစိမ်တေကိုပါမောင်ပိုင်စီးချင်တာပေါ့ဟုလား"
"ကျမအဖွားရဲ့စည်းစိမ်တေကိုစိတ်လည်းမဝင်စားဘူးသိလည်းမသိချင်ဘူး ဘာဂုဏ်သိက္ခာမှလည်းမလိုဘူး ကျမမှာ ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ်ရှိပြီးသား ကျမ ကိုပိုက်ဆံပေးပြီးမခြိမ်းခြောက်ပါနဲ့ ဘလိုလုပ်လုပ်အသုံးဝင်မှာ မဟုတ်လို့"
"ငါ့မြေးသာ နင့်ကိုရွေးခဲ့ရင် ငါအမွေဖြတ်ပစ်မှာ"
"ကောင်းတာပေါ့ မမညှို့ထမ်းထားရတဲ့ဝန်တေပေါ့သွားတာပေါ့ အဲ့ကျရင် သွင်တစ်ခေတ်တို့က က ပြီးတောင်ရှာကျွေးလိုက်ဦးမှာ "မထိတထိနှင့် ကဟန်ပြုကာဆိုလိုက်သည်ကြောင့် ဒေါ်သက်လျာဒေါသထွက်သွားပြီး
"ဒါဖြင့် နင်ကငါ့မြေးကိုလုပ်ကျွေးမှာလား ငါ့မြေးကလုပ်ကျွေးရမှာလား...ပြော.."
".ဘယ်သူလုပ်ကျွေးတယ်မကျွေးဘူးဆိုတာထက် နှစ်ဦးသဘောတူ ညီတူညီမျှလုပ်ကိုင်လို့ရရုံနဲ့တင် ဘဝတစ်ခုဆိူတာ လုံလောက်နေပါပြီ "
"စကားအပိုတေမပြောစမ်းနဲ့ ငါ့မြေးနဲ့ဝေးဝေးနေမလားမနေဘူးလား"
"အို မမညှို့တောင်ဘာမှမပြောပဲဟာ ဘာလို့နေရမှာလဲ မနေပါဘူး "ခေတ်လည်း နှုတ်ခမ်းလေးဆူကာ ခေါင်းလေးတဖက်လှည့်ကာပြောလိုက်သည်
"ကျစ်...ဒီကလေးမတော့..နင့်ဘဝတက်လမ်းတေငါပိတ်လိုက်လို့ရတယ် နားလည်လား"
"အဖွား သားသမီးချင်းကိုယ်ချင်းမစာရင်လုပ်ပေါ့"
လက်လေးပိုက်လျက်ပြန်ပြောလိုက်သည်
"ငါတစ်ခွန်းပဲမေးမယ် နင်ဘာလိုချင်တာလဲ"
"ခေတ်လည်းတစ်ခွန်းပဲဖြေမယ် မမညှို့ပဲလိုချင်တယ်"
"ကျစ်.."ခေတ်အဖြေကြောင့်ဒေါ်သက်လျာစိတ်တိုပြီး အိတ်ဆွဲကာ ထထွက်သွားတော့သည်
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...