Final Part(Unicode)

395 6 4
                                    

ပင်လယ်ဘက်ကို လွမ်း ​ပြေးထွက်လာတော့ ခေတ်ကို တွေ့လိုက်ရသည့်ကြောင့် အလောတကြီးမေးလိုက်မိသောသူက လွမ်း။

"မောင်ရော ခေတ်"

"နက် ဆီကို ကျွန်တော်လိုက်ပို့ပေးပါ့မယ် အကိုလွမ်း"

"ဒါဆိုရင် သွားမယ်လေ"

"စိတ်လျှော့ အကိုလွမ်း နက်က ဘာမှမဖြစ်ဘူး "

"သေချာရဲ့လား အကိုမျက်စိနဲ့မမြင်သေးသရွေ့ မယုံနိုင်ဘူး ခေတ်"

ခေတ် ဒီနားလေးက စောင့်နေလိုက်တာ မှန်သွားလေရဲ့။ခွေးကောင်နက်က အစိုးရိမ်လွန်းတတ်တဲ့ အကိုလွမ်းကိုမှ ဝန်ထမ်းကောင်လေးကို အလောတကြီးပြောခိုင်းလိုက်တော့ အကိုလွမ်းခများ ဟိုတယ်ထဲက အပြေးထွက်လာသည့်အပြင် ခုလည်း နက်ကို အတော်စိတ်ပူနေပုံရ၏။

"ကျွန်တော်ကို ယုံပါ အကိုလွမ်း နက် ဆီကို ကျိန်းသေကျွန်တော်ပို့ပေးမယ် ဒါအပြင် နက်လည်း ဘာမှမဖြစ်ဘူး"

"ဒါပေမယ့် ဟိုဝန်ထမ်းကောင်လေး ပြောသွားတာက"

"အဲ့တာက လုပ်ငန်းပါတနာရဲ့မင်္ဂလာဆောင်သွားတာ နောက်ကျမှစိုးလို့ ပြောခိုင်းလိုက်တာ"

ခွေးကောင် မင်း ငါ့အပေါ် အကြွေးတင်သွားပြီ။

"အဲ့ဆို သွားကြရအောင်"

မောင်ရဲ့သူငယ်ချင်းပြောတော့ နည်းနည်းစိတ်သက်သာရ​ပေမယ့် လွမ်းကိုယ်တိုင် မောင်ကို မတွေ့ရမချင်း စိတ်ပူတာတော့ လျော့မယ်မထင်။

"မသွားခင် ဒီအဝတ်လေးကို ခနမျက်လုံးလေးကို ဒီဖဲပြားအဖြူရောင်လေးနဲ့ စည်းထားပေးပါလား အကိုလွမ်း"

လွမ်းတစ်ယောက် ဘာလို့လဲဆိုတာ ထပ်မမေးတော့ဘဲ ခေတ်ပြောသလိုသာ မျက်လုံးလေးတွေကို ဖဲပြားလေးနဲ့ စည်းပေးဖို့ခေါင်းညိမ့်လိုက်တော့ လွမ်းရဲ့မျက်ဝန်းတွေကို ဖဲပြားအဖြူရောင်လေးက ကာကွယ်သွားတော့ လွမ်း ဘာမှမမြင်ရတော့ပေ။

"အကိုလွမ်း ကျွန်တော်လက်ကို ရဲရဲ ကိုင်ထားနော်"

မျက်ဝန်းတွေကို တားစီးထားတာကြောင့် ခေတ်ပေးတဲ့ လက်ကိုသာ လွမ်း အနည်းငယ် ထိကိုင်ကာ ခေတ်ရဲ့အနောက်ကို လိုက်လာခဲ့မိသည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Donde viven las historias. Descúbrelo ahora