( Unicode )

208 32 0
                                    

"အာ့"

"sorry"

တစ်ပြိုင်တည်းထွက်လာတဲ့အသံနှစ်သံက လူနှစ်ယောက်ဝင်တိုက်မိရာမှထွက်ပေါ်လာသည်...

"sorry မမြင်လိုက်လို့"

"ရပါတယ်"

သူပြောပြီးတာနဲ့ထွက်သွားတဲ့ကောင်လေးကိုBuiလိုက်ကြည့်လိုက်သည်... တီရှပ်အဖြူရောင်ကိုအနက်ရောင်စတိုင်လ်ပန်ထဲထည့်ဝတ်ထားပြီး မျက်မှန်တပ်ထားတဲ့ကောင်လေးက luggageကိုဟန်ပါပါဆွဲသွားပုံက အေးတိအေးစက်နဲ့မလို့ ဝင်တိုက်မိတဲ့ကိုယ်တောင်ချမ်းစိမ့်စိမ့်ဖြစ်သွားသည်...

ထိုကောင်လေးမြင်ကွင်းထဲကပျောက်သွားမှBuiလည်းရှေ့ကိုပြန်ကြည့်နေလိုက်တော့သည်... ငယ်ငယ်ကတည်းကBuiလက်ပေါ်မှာကြီးလာသည့်ကောင်လေးကဆယ့်နှစ်နှစ်လောက်ကွဲကွာပြီးနောက်မှာတော့သူရှိရာကိုပြန်ရောက်လာတော့မှာမလို့ စိမ်းသက်သလိုဖြစ်နေပေမယ့်Buiပျော်နေပါသည်...

နာရီဝက်ကျော်ကျော်45မိနစ်လောက်ကြာတဲ့အထိBuiစောင့်နေသော်လည်းတစ်ယောက်မှရောက်မလာသေးသောကြောင့်နာရီကိုငုံကြည့်လိုက်သည်... လေယာဥ်စိုက်ချိန်ကျော်နေပြီကိုဘာလို့မလာသေးတာပါလိမ့်...

/I was enchanted to meet you.... please don't be in love with someone else. Please don't have../

"Hello!"

ထပ်စောင့်နေရင်းကနေဖုန်းringtoneထားထာတဲ့Taylor Swiftရဲ့enchantedကထွက်ပေါ်လာတာမလို့ ဖုန်းကိုကြည့်လိုက်တော့ မားဖြစ်နေတာမလို့ဖုန်းကိုတန်းကိုင်လိုက်သည်။

"ဗျာ... သူကအိမ်တောင်ရောက်နေပြီဟုတ်လား"

"....."

"သားကသူ့ကိုစောင့်နေတာမတွေ့သေးလို့လေ"

"......."

"ဟုတ်ပြီ ဟုတ်ပြီ သားအခုပြန်လာခဲ့မယ်"

"......"

"ဟုတ်ကဲ့ပါ မား"

မားဖုန်းချသွားတာနဲ့Buiလည်းအိမ်ပဲတန်းပြန်လိုက်တော့သည်... ကောင်စုတ်လေးငါ့ကိုသပ်သပ်စောင့်ရအောင်လုပ်သွားတာမကျေနပ်ဘူး...

Buiအိမ်ပြန်ရောက်တော့မားကထမင်းစားခန်းထဲမှာပြင်ဆင်နေသည်...

Be My Valentine Where stories live. Discover now