Part - 6

583 31 0
                                    

" စံပယ် "

ခရီးဆောင်အိတ်တလုံးနဲ့သန့်သန့်ပြန့်ပြန့်လေးအရပ်ကလည်း
ဒေါ်စံပယ်ဖြူနှင့်မသိမ်းမယိမ်းလေး အသားကလည်းဖြူစွတ်
နူးညံ့နေပြီးတည်ကြည်အေးချမ်းတဲ့မျက်နှာလေးပေါ်မှာ
အပြုံးပန်းတွေထပ်ဖြည့်ရင်းအလွန်တရာမှကြည့်ကောင်းတဲ့
ခန့်ခန့်ညာညားအမျိုးသားတစ်ယောက်…

" အော် ဧည့်သည်ရောက်နေတာလား "

" ကို… "

သက်ထားခင်သည်မှင်သက်နေရင်းပင်မျက်ရည်မကျမိအောင်
ထိန်းထားလေသည် ကိုယ်တခုလုံးကတော့တုန်ရီနေတော့သည်

" သက်ပြန်ပါဦးမယ် "

သက်ထားခင်သည်အလျင်အမြန်ပင်အိမ်ထဲကနေပြေးထွက်သွား
သည်

" စံပယ် ထုံးစံအတိုင်းပါပဲလား "

" ဒီတခေါက်က ကိုကြီးထင်သလိုမဟုတ်ပါဘူး "

" အမ် ဘာကိုဆိုလိုချင်တာလဲ နွယ် "

" မကြီးမွှေလိုက်လို့ကလေးမကအိမ်ထိရောက်လာတာလေ "

" စံပယ် ဘာတွေလုပ်ထားပြန်ပြီလဲ "

" ယဉ်နွယ်ကိုကြီးဆီမှာဘာမဟုတ်တာတွေတိုင်ဦးမလဲ
စိတ်ညစ်နေရတဲ့ကြားက "

" စိတ်ညစ်ပြေဖို့ဒါကအကောင်းဆုံးမဟုတ်လား "

ဒေါ်ယဉ်နွယ်သည်ဆိုဂျူပုလင်းတွေကိုရေခဲသေတ္တာထဲကနေထုတ်
လာပြီးအိမ်ခန်းအလည်စားပွဲပေါ်တင်လိုက်ရင်းဆိုလေသည်

" နွယ် မိန်းမကယောက်ကျားကိုဒါနဲ့ကြိုဆိုတာပေါ့ "

( ဦးလင်းမောင် ဒေါ်ယဉ်နွယ်နဲ့ 4 နှစ်သက်တမ်းရှိတဲ့
လင်မယားစုံတွဲလေး တရားဝင်လက်ထပ်ထားတယ်ဆိုပေမယ့်
လူရှေ့မထွက်ကြ အားလုံးက ဒေါ်စံပယ်ဖြူနှင့်ဒေါ်ယဉ်နွယ်တို့ကို
အပျိုကြီးများဟုသာ သိကြသည် ဒေါ်စံပယ်ဖြူမိဘတွေနှင့်
ဦးလင်းမောင်တို့မိဘတွေကရင်းနှီးကြသည် အမှန်တော့
ဦးလင်းမောင်နဲ့ဒေါ်စံပယ်ဖြူတို့ကိုစေ့စပ်ထားခဲ့တာဖြစ်ပြီး
ဒေါ်စံပယ်ဖြူကငြင်းခဲ့သည် သုံးယောက်စလုံး အရင်းနှီးဆုံး
မောင်နှမတွေလိုပဲနေထိုင်ခဲ့ရာမှ ဒေါ်ယဉ်နွယ်အပေါ်ကို
အစကတည်းကချစ်ကြိုက်နေခဲ့တာဖြစ်ကြောင်း ဖွင့်ပြောပြီး တရားဝင်လက်ထပ်လိုက်ကြသည် )

အသက်ကိုအသက်နှင့်သမျှချစ်ပါသည်( Completed )Where stories live. Discover now