အပိုင်း(၂၃)uni&zgi

504 21 1
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(23)

"မင်ထျန်း ဘာဖြစ်နေတာလဲ"

့"ကျွန်တော့အမေထပ‌်ပျောက်ပြန်ပြီဗျာ"

"အဲ့ဒါနဲ့ တို့အဖေနဲ့ဘာဆိုင်လို့လဲ"

"မ ပဲ မေးကြည့်လိုက်တော့"

မုယွမ်ယွမ် မုပါးပါးဘက်ကိုလှည့်ကြည့်လိုက်တယ် သူမရဲ့မျက်လုံးမှာတော့ ဘယ်လိုဖြစ်တာလဲဆိုတဲ့ အကြည့်တွေကအပြည့်နဲ့

"ဒါက ဘယ်လိုဖြစ်တာလဲဆိုတော့ "

မုပါးပါး စကားပြောဖို့ပြင်လိုက်ပေမဲ့ ကောင်းမင်ထျန်းဆီက ဖုန်းလာတာမို့  မုယွမ်ယွမ်ရဲ့အာရုံက အဲ့ကိုရောက်သွားတာကြောင့် မုပါးပါးခမျာ သက်ပြင်းခိုးချလိုက်ရတယ်

"ဟုတ်ကဲ့ ဟုတ်........ဗျာ ! "

ကောင်းမင်ထျန်း မျက်နှာက အရုပ်ဆိုးသွားလေတယ် သူရဲ့လက်က ဖုနး်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး မျက်ဝန်းတို့ကတော့ တိမ်ညိုတွေလိုပြိုတော့မလိုနဲ့

"ဘာတဲ့လဲ "

"ကိုယ့်ကို ‌Aဆေးရုံကဖုန်းဆက်တယ် ကိုယ့်အမေ သူမ ဆုံးသွားလို့ ခန္ဒာကိုယ်လာသယ်ပါတဲ့ သူတို့ဆေးရုံကိုကားတိုက်မူ့နဲ့ရောက်လာလို့ ဘာကိုမှ တာဝန်မယူပေးနိုင်ဘူးလို့လဲပြောလိုက်တယ် "

သေသေချာချာရှင်းပြလိုက်ပေမဲ့ ဒါက အသိစိတ်မဲ့ပြောဆိုနေရုံသာ

ကောင်းမင်ထျန်း လက်မခံနိုင်သေးတာသေချာလွန်းနေပြီး သူ့ရဲ့အမေရုတ်တရက်ဆန်ဆန်‌ေသဆံုးမူ့မှာ သားဖြစ်သူက  ဘယ်လိုများတည်ငြိမ်နေနိုင်မှာလဲ

ပြောနေရင်း အသိဝင်လာပုံရတဲ့ ကောင်းမင်ထျန်းက သူမပခုံးကိုလှုပ်ခါကာ‌ ပြောလာလေတယ်

"မ ကျွန်တော်သွားမှဖြစ်မယ် ကျွန်တော် ကျွန်တော် ဆေးရုံကိုသွားမှဖြစ်မယ် "

"အင်း မလဲ သိပ်မကြာခင်မှာလိုက်ခဲ့မယ် ရော့ ကားယူသွားလိုက် အမေ့ကိုအကြာကြီးမစောင့်ရစေနဲ့"

ကောင်းမင်ထျန်း သူမကိုကျေးဇူးတင်စကားဆိုကာ ပြေးထွက်သွားခဲ့တယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Tahanan ng mga kuwento. Tumuklas ngayon