အပိုင်း(၂၄)uni&zgi

569 24 1
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(24)

သူ ဘာကြောင့်များ မနက်က ပေါ့လျော့ခဲ့မိတာလဲ သူသာ မပေါ့လျော့ရင် သူ့အမေပျောက်မှာ
မဟုတ်ဘူး ဒါဆို ဒီလိုအဖြစ်ဆိုးတွေနဲ့လဲတွေ့မှာမဟုတ်ဘူး

နောက်ဆုံးတော့ ဒါတွေအားလုံးကသူ့အပြစ်ပါပဲ

ကောင်းမင်ထျန်းတွေးမိလေ ကိုယ့်ဘာသာကိုယ်ဒေါသထွက်လာလေပဲ

ကိုယ့်အမေကိုတောင်သေချာမစောင့်ရှောက်နိုင်ဘူး ဘယ်လိုသား
မျိုးလဲ

ကောင်းမင်ထျန်း ပိုလို့ဖြေမဆည်နိုင်ဖြစ်လာလေတယ်

အရမး်ကိုငိုကြွေးနေတဲ့ကောင်းမင်ထျန်းကို မုယွမ်ယွမ်ပွေ့ဖက်လိုက်တယ်

ကောင်းမင်ထျန်း အားနည်းတဲ့ပုံပြဖူးတာ ဒီတခါပထမဆုံးပဲ သူ့ရဲ့နင့်နင့်သီးသီးငိုကြွေးမူ့ကြောင့် မုယွမ်ယွမ်ပါ မျက်ရည်တွေဝဲလာခဲ့တယ်

အမေတစ်ယောက်ကိုဆုံးရှုံးရတဲ့ခံစားချက်‌က ဘယ်လိုမျိုးလဲဆိုတာကိုသူမသေချာသိတယ်

ဒါကြောင့်သူ့ကိုပိုစာနာမိတယ်

"တင်းတင်း"

ရုတ်တရက် သူမအိပ်ကပ်ထဲကဖုန်းဟာမြည်လာခဲ့တယ်

သူမထုတ်ကြည့်လိုက်တော့ စာတိုလေးတစောင်

အဲ့စာကိုဖတ်လိုက်ပြီးနောက်မှာတော့ မုယွမ်ယွမ်ရဲ့မျက်ဝန်းထဲကမျော်လင့်ချက်မီးတောက်လေးကလဲ ဟုန်းခနဲငြိမ်းသက်သွားတော့တယ်

တဖက်မှာလဲ မုယွမ်ယွမ်ထွက်သွားပြီးတာနဲ့ မုပါးပါးက သူ့လူယုံကိုဖုန်းဆက်လိုက်တယ်

"မင်းကိစ္စသိုသိပ်ရဲ့လား"

"စိတ်ချဘော့စ် ဘယ်သူမှမသိစေရဘူး "

"သေချာလား"

"ဟုတ်ကဲ့ပါဆရာ"

"်ဘယ်လောက်ထိသေချာမူ့ရှိလဲ"

"ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပေါ့"

"ဒါဆို နှစ်ဆယ်ရာခိုင်နှုန်းလောက်ကစိတ်မချရဘူးလို့ပြောတာပေါ့ "

"အာ ဒါက "

"‌ေ‌ကာင်းပြီ တခုခုဖြစ်လာရင် အဲ့နှစ်ဆယ်ရာခိုင်နှုန်းက မင်းတာဝန်ပဲ ဒါပေမဲ့လဲ မင်းဝင်သွားတာနဲ့မင်းရဲ့တမိသားစုလုံးကိုသိန်းငါးရာပေးလိုက်မယ် ဒါက မင်းမိသားစုအတွက် လုံလောက်တာထက်ပိုတဲ့ငွေပဲ ဒါ‌ေပမဲ့ ငါ့နာမည်တော့လုံးဝထွက်မလာစေနဲ့ နားလည်လား"

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now