Hello! ဒါလေးက fandom ထဲမှာခင်မင်ခဲ့တဲ့ ချစ်ဖို့ကောင်းတဲ့ အစ်မတစ်ယောက်ရဲ့မွေးနေ့အတွက်ရေးပေးတဲ့ One shot လေးတစ်ပုဒ်ပါ။Happy Belated Birthday Present ပါ အစ်မ မွေးနေ့ကစပြီး ပျော်ရွှင်ခြင်းတွေအများကြီးပိုင်ဆိုင်ပါစေနော် အများကြီးမဟုတ်ပေမယ့် ဒီလက်ဆောင်လေးက အစ်မကို ခဏတာဖြစ်ဖြစ် စိတ်ပျော်ရွှင်စရာဖြစ်သွားခဲ့ရင် ကျေနပ်ပါပြီ (つ≧▽≦)つ
________________________နွေရာသီ ဘန်ကောက်မြို့လည်ရဲ့နေ့လည်ခင်းက ထင်ထားတာထက်ပိုပူသည်။သို့သော် ဝမ်းရေးအတွက် လှုပ်ရှားနေကြသူအပေါင်းကတော့ ရာသီဥတုပူလို့ဆိုကာ အိမ်ထဲအောင်းမနေနိုင်ပေ။ရာသီဥတု ပူပူအေးအေး သူသူ ကိုယ်ကိုယ် ဘဝနေထိုင်ရေးအတွက်လှုပ်ရှားနေကြရသူချည်းဖြစ်သည်။ထိုထဲတွင် ဖရာဖိုင်း ကုမ္ပဏီဝန်ထမ်းလေးများရဲ့အပူက အပြင်ကရာသီဥတုထက်ပင်ပိုလို့ ပူလောင်လျက်ရှိသည်။အကြောင်းမှာတော့ သူတို့ရဲ့လုပ်သားခေါင်းဆောင် ခွန်ဂျန်ရဲ့ ဒေါသူပုန်ထနေမှုကြောင့်ပင်ဖြစ်သည်။
"မင်းတို့အလုပ်ကိုသေချာမလုပ်လို့ သူဌေးကငါ့ကိုဆူနေပြီ ဘာတစ်ခုမှစောက်သုံးကိုမကျဘူး မင်းတို့အသုံးကျတဲ့နေရာဘယ်နေရာရှိလဲ ဟမ်!!"
ဝန်ထမ်းလေးများက ခေါင်းငုံ့လျက် မည်သူကမှ သူတို့ခေါင်းဆောင်ကိုမော်မကြည့်ရဲကြပေ။ထိုအချိန်တွင်..
"စာရင်းတွေသေချာစီစစ်ပြီးတင်ရမှာကို စာရင်းလွဲသွားတာ ဆရာ့အမှားမဟုတ်ဘူးလား"
ခေါင်းဆောင်ဖြစ်သူရဲ့ အော်ကျယ်ကျယ် ဒေါသအသံကလွဲလို့ တိတ်ဆိတ်နေတဲ့ ရုံးခန်းအတွင်း ကြည်လင်ပြတ်သားစွာထွက်ပေါ်လာသည့်အသံတစ်ခုကြောင့် ဝန်ထမ်းလေးတွေ အသံလာရာကိုလှည့်ကြည့်မိကြသည်။
ထိုမိန်းကလေးက အသစ်ဝင်လာတာမကြာသေးသည့်သူ။သို့သော် သူတို့ကဲ့သို့ ခေါင်းဆောင်ကိုကြောက်ရွံ့နေခြင်းလဲမရှိ။မျက်နှာထားကိုချီကာ အကြည့်စူးစူးနဲ့ပြောနေပုံက ခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့ဖို့ကို ပြင်ဆင်ထားသည့်နှယ်။
"ပန်ဒါ တိုးတိုးနေလိုက်တော့"
ဘေးနားက ထိုင်း-မြန်မာကပြားလေး နန်းလွန်က ပန်ဒါ့လက်ကိုအသာလှမ်းကုပ်ကာ သတိပေးလိုက်သည်။
YOU ARE READING
A Secret Day
FanfictionFandom ကအစ်မတစ်ယောက်ရဲ့ Birthday လေးအတွက် present ရေးပေးတဲ့ one shot လေးပါ > <