Part...32

775 44 7
                                    

For Unicode

ဆူညံနေတဲ့ ဆေးရုံခန်း၊ တတီတီမြည်နေတဲ့ စက်သံတွေနဲ့အတူ ကုတင်ပေါ်မှာ မေ့မြောလျှက် ကုသခံနေရတဲ့ သူ၊တစ်နည်းအားဖြင့် ကင်မ်ထယ်ယောင်းရဲ့ခင်ပွန်း။

ခွဲစိတ်ခန်းရဲ့ ရှေ့ရှိ ခပ်ဝါးဝါးမှန်ပြင်ဆီ မျက်နှာအပ်ရင်း တံခါးပေါက်ပေါ် လက်နှစ်ဖက်စုံတင်ကာ မရှင်းလင်းသည့်မြင်ကွင်းတွေအား ထယ်ယောင်း စူးစိုက်ကြည့်နေမိသည်။

"အဆင်ပြေပါစေ...ငါတောင်းပန်ပါတယ် ဂျောင်ကုရယ်...အဲ့လိုမလုပ်ပါနဲ့ အသက်ရှင်နေပေးပါ"

လက်တစ်လျှောက်ကျ ပြတ်ရှရာတွေက ရှတတဖြစ်နေပေမဲ့ သူဂရုမစိုက်အားသေး။

မျက်စိထဲက မထွက်သေးသည့် ရုန်းရင်းဆန်ခတ်အခြေအနေတွေ၊နောက်ပြီး သွေးအိုင်ထဲက ဂျောင်ကုရဲ့ နာကျင်မှုတွေ၊ အဲ့တာတွေအားလုံးကို မြင်ယောင်းရင်း ရင်ထဲက စူးနစ်လာရသည်။

ဆရာဝန်တွေအတွက် သာမန်အက်စီးဒန့်တစ်ခု၊မတော်တဆမှုတစ်ခုဖြစ်နေပြီး တည်တည်ငြိမ်ငြိမ်ကုသနိုင်လောက်တဲ့အနေအထားဖြစ်ပေမဲ့ ထယ်ယောင်းအတွက်တော့မတူ။စိတ်မပူပါနဲ့ပြောလည်း ရူးမတတ်ပူပင်နေရသည်။ တရားခံက သူပဲလေ။ သူသိတာပေါ့။

​ေဂျာင်ကုသာ ဆိုးဝါးတဲ့အရာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် သူ့ကိုယ်သူအပြစ်တင်မိလွန်းလို့ ရူးရချေရဲ့။

ခွဲစိတ်ခန်းခန်းတံခါးအား ကျောမှီကာ ကြမ်းပြင်ပေါ်သို့ တရွေ့ရွေ့ထိုင်ချလိုက်သည်။ မျက်ရည်စတွေကို လူမမြင်ဖို့ မျက်နှာတစ်ခုလုံးကို လက်ဖဝါးကျယ်တွေနဲ့ အုပ်ကာပြီး ရှိုက်ငိုနေမိ၏။

"တောင်းပန်ပါတယ်...ငါတကယ်တောင်းပန်ပါတယ်...ဒီလိုတွေဖြစ်ဖို့ မရည်ရွယ်ပါဘူး ​ေဂျာင်ကုရယ်...ကွာရှင်းစာချုပ်ဆိုတာတွေအထိ ငါမစီစဉ်ခဲ့ဖူးတဲ့အကြောင်း အဲ့အကြောင်းတွေအားလုံးကို မင်းနိုးလာတဲ့အခါ ငါရှင်းပြပါ့မယ်"

"ကိုကို...ကိုကို ဘယ်လိုဖြစ်တာလဲ ကိုကိုရယ်"

ဆေးရုံဝန်ထမ်းတွေကို မေးမြန်းကာ အစ်ကိုဖြစ်သူရှိရာဆီ အပြေးလာခဲ့တဲ့ ဘိုရာ။ သူ့အစ်ကိုရဲ့ ပြိုလဲနေသည့်ပုံရိပ်ကို မြင်ရသည့်အခါ သူကိုယ်တိုင်ပါ မျက်ရည်ကျမတတ်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Où les histoires vivent. Découvrez maintenant