မွေးနေ့မတိုင်ခင်ပို့တဲ့စာတို

22 2 0
                                    




၇နှစ်ကျော်နဲ့၅လဆိုတဲ့အချိန်အတိုင်းအတာတစ်ခုဟာ နှုတ်ကနေရွတ်ဆိုလိုက်တော့သာ အသာလေး
တကယ်တမ်း အတူလုပ်ခဲ့တဲ့အမှတ်တရတွေက အရေတွက်နိုင်အောင်ကို များပြားနေခဲ့တဲ့တာပါ ...
အခုလိုအနားမှာ အတူရှိပြီး ဘေးနားကနေ ချက်ချင်းကြီး ပျောက်ကွယ်သွားတော့
သူမ မရှိခြင်းဆိုတဲ့ လစ်ဟာမှုကို သည်းမခံနိုင်ပဲ အရူးလို ငိုယိုကျန်ရစ်ခဲ့ရပါတယ်။
... ... ... ... ...
စက်တင်ဘာ ၁၄ ဟာ သူမရဲ့ မွေးနေ့ဖြစ်ခဲ့တယ် ...
၂၀၂၂ ဆိုတဲ့ နှစ်ကြီးကို တကယ် မုန်းခဲ့တယ် ...
ဘဝမှာ မကြုံချင်တဲ့ အကြောင်းအရာတွေကို ကြုံခဲ့ရလို့ တကယ်မုန်းတယ် ...
အဆိုးဆုံးက စီးပွားရေးလုံး၀ မပြေလည်တဲ့အချိန် သူမရဲ့ အဆိုးဆုံးရောဂါဟာလည်း တစ်ပြိုင်နက်တည်း
ဆိုးဆိုးဝ◌ါးဝ◌ါး ဖြစ်လာခဲ့တယ်လေ ...



မွေးနေ့မတိုင်ခင်ပို့တဲ့စာတို။

စက်တင်ဘာ -၁၃ -၂၀၂၂

ရုံးကအလုပ်တွေရော freelance အလုပ်တွေရော အစုံလုပ်နေရတဲ့ကာလမို့ တမိုးအောက်ထဲအတူနေတာတောင်တခါတလေ ပစ်ထားသလို ဖြစ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ သူမ သိမှာပါလေ ...၂ယောက်လုံး ရှင်သန်ဖို့ကြိုးစားနေခဲ့တယ်ဆိုတာကိုပေါ့ ...


အလုပ်တွေရှုပ်နေတုန်း မက်ဆင်ဂျာကနေ တောင်ခနဲ မြည်လာတဲ့အသံကြောင့် ချက်ချင်းကြည့်မိလိုက်တယ်။ သူမ ဖြစ်မယ်ဆိုတာ သိလို့လေ  ...

ဒီအချိန် အိမ်မှာ သူမ ဘယ်လောက် ပျင်းရိနေမလဲ အိပ်ခန်းလေးထဲမှာ လှဲနေရင်း ဘယ်လောက်

အားငယ်နေမလဲ ... ပိုက်ဆံထွက်ရှာနေတဲ့ ကိုယ့်ကို အချိန်တိုင်း အားနာနေတတ်တဲ့သူမက စာတချို့ပို့လာတယ် ...


သူမ - " သဲ ... အလုပ်ရှုပ်နေတာလား"


"ပြော ..သဲ"

သူမ - "ဘာမှမဟုတ်ဖူးလွမ်းလို့"


သူမ ဒီလိုလေးပြောလာတော့ ကိုယ်ကလည်း love react ❤️နဲ့ love emoji 😍 လေး ပေးမိတယ်
ထပ်ပို့လာတဲ့ နောက်တစ်ကြောင်းက သူမ မရှိတော့တဲ့ အခုအချိန်တွေမှာ ပြန်ဖတ်တိုင်း ရင်ဘတ်အောင့်ရလောက်တဲ့အထိ ခံစားရစေတဲ့စာတစ်ကြောင်း ဖြစ်စေခဲ့တယ်လေ။


Her ❤️ (Endless Stories)Where stories live. Discover now