Chapter 9_U

26.7K 1.7K 167
                                    

သုံးပတ်ဆိုသောအချိန်ကာလအတွင်းတွင် စောမောင်က မြင်းလှည်းတစ်စီးဖြင့် စီးပွားရေးကို ကြိုးစားရှာဖွေနေပြီး ဟန်လေးကတော့ တဖြည်းဖြည်းကမ်းပါးရွာနှင့် အသားကျလာကာ သုခဖြင့် ကမ်းပါးရွာတစ်ခွင် ပြဲပြဲစင်အောင် လည်ပတ်နေတော့သည်။

သုခ၏ မိတ်ဆက်ပေးမှုဖြင့် ရွာကလူတွေကလည်း သူ့အား စောမောင်၏ ခင်ပွန်းမှန်းသိနေကြသလို ရွာခံအချို့နှင့်လည်း ခင်မင်ရင်းနှီးနေပြီဖြစ်သည်။

လွန်ခဲ့သည့်ရက်များတွင် စောမောင်က သူကိုယ်တိုင် ဟန်လေးအတွက်ဟင်းချက်စရာများ စီမံပေးရသော်လည်း အခုရက်များတွင်တော့ ဟန်လေးကိုယ်တိုင် စီမံတတ်နေပြီဖြစ်သည်။

ကမ်းပါးရွာက ခက်ဝန်မြစ်အနီးတွင်တည်ရှိတာမို့ တံငါသည်များပေါများသည့်အတွက် ငါး၊ပုစွန်များစားချင်ပါက မြစ်ကမ်းနားတွင် သွားကာ ဝယ်ရုံပင်။

ငါး၊ပုစွန်များက အလွန်ပေါများတာမို့ ဈေးကလဲ အလွန်ချိုသည်။

ခက်ဝန်မြစ်ကမ်းတစ်လျှောက် တည်ရှိနေသည့် ရွာများတွင် အိမ်တိုင်းလိုလိုက ကိုယ့်အိမ်စားရန်အတွက် ရေကျိုငါးပိသိပ်ခြင်း၊ ငါးခြောက်လှမ်းခြင်းများ ပြုလုပ်ကြပြီး ငါးပိ၊ ငါးခြောက်ရောင်းချခြင်းအား စီးပွားရေးအဖြစ်လုပ်ကိုင်သူများမှာ အလွန်နည်းသည်။

ခက်လက်မြို့ပေါ်သို့ သွားရောက်ရောင်းချကြသူများရှိသော်လည်း ဝယ်လိုအားက အလွန်နည်းသည်။

ခက်လက်မြို့ကလည်း ခက်ဝန်မြစ်ကမ်းနံဘေးရှိမြို့ဖြစ်ကာ ငါး၊ပုစွန်များနှင့် ငါးပိ၊ ငါးခြောက်များမှာ ပေါများလွန်းလှသည်။

အခြားမြို့များသို့ကုန်သွယ်ဖို့အတွက်တော့ အဆင်မပြေ။

အကြောင်းမှာ ခက်ဝန်ပြည်နယ်အတွင်း မြစ်ချောင်း အင်းအိုင်များက ပေါများတာကြောင့် ရေချိုငါး၊ပုစွန် နှင့် ရေကျိုငါးပိ၊ ငါးခြောက်များမှာ ခက်ဝန်ပြည်နယ်အတွင်းရှိ အခြားမြို့များတွင်လည်း မရှားပါးသောကြောင့်ပင်။

အိမ်မှာပင် ကိုစောမောင်က သူအားသည့်အချိန်များတွင် သူကိုယ်တိုင် ငါးပိများအား စဉ့်အိုးနှစ်အိုးဖြင့်သိပ်ပေးထားသည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now